မကွေးတိုင်း ဇွန်လ ၁၈ ရက် မှ ဇွန်လ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယနယ်စပ်ကုန်းတွင်း (ကုန်းမြေပေါ်)တွင် ဆက်လက်ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းသည် ၁၇ ရက်နေ့ နံနက်ပိုင်းက လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာပြီး တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
- အဲ့ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းနေပြီး၊ ရခိုင်ရိုးမကိုဖြတ်ကျော်တိုက်ခတ်လာသည့် မုတ်သုံလေစီးကြောင်းနှင့်ပါလာသည့် မိုးတိမ်များသည် -
- မကွေးတိုင်းအနောက်ခြမ်းမှ ရခိုင်ရိုးမနှင့်ကပ်လျှက်ရှိသည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ စေတုတ္တရာ၊ ငဖဲ မြို့နယ်များနှင့်
- မကွေးတိုင်းအရှေ့တောင်ဘက်မှ တောင်တွင်းကြီး၊ သရက် စသည့်မြို့နယ်များတွင် မိုးပိုနိုင်(မိုးအသင့်အတင့်မှ မိုးများနိုင်)ပြီး၊
- မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် စသည်မြို့နယ်များတွင် မိုးရွာသွန်းမှုလျော့နည်း (မိုးအနည်းငယ်သာ ရွာနိုင်)ပါတယ်။
မကွေးတိုင်းအတွင်းမှ ရခိုင်ရိုးမနှင့်ကပ်လျက် မြို့နယ်များတွင် ဇွန်လ လကုန်ပိုင်းအချိန်များမှာ မိုးများနိုင်တာလဲ တွေ့ရပါတယ် - (နောက်တစ်ပတ် ခန့်မှန်းချက်မှာ အသေးစိတ်ထပ်မံ၍ ဖော်ပြပေးပါမယ်)။ ဇွန်လ ၂၂ ရက်နောက်ပိုင်းတွင် နေသာချိန်/နေပွင့်ချိန် အနည်းငယ်ပိုလာနိုင်ပါမယ်။။
မကွေးတိုင်းအတွင်း တောင်ဘက်မှ တိုက်ခတ်လာသည့်လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၂၅ မိုင်ခန့်အထိရှိနိုင်ပြီး၊
နေ့အပူချိန် အမြင့်ဆုံး ၃၀°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၅°C ခန့် ရှိနိုင်ပါမယ်။
မိုးရွာသွန်းမှုလျော့နည်းနေမည့် မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် စသည်မြို့နယ်များတွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိရှိနေနိုင်ပြီး မိုးပိုသည့်မြို့နယ်/ခရိုင်များတွင် လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေနိုင်ကာ လေငြိမ်သည့်အချိန်များတွင် ခံစားရသည့်အပူချိန် ၃၆°C အထိရှိနိုင်ပါမယ်။ မကွေးတိုင်း၏ လေထုညစ်ညမ်းမှုအခြေအနေ "GOOD"(ကောင်း) နေပြီး ဇွန်လ လကုန်အထိ အန္တရာယ်ရှိနိုင်သည့် အခြေအနေမရှိပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး၊ ပုစွန်ကန်များ ရေကြည်နှုန်းတာတိုင်းခြင်း အကြံပြုချက်
မွေးမြူရေးကန်များ ရေကြည်နှုန်းတိုင်းတာရာတွင် ရေကြည်နှုန်းတိုင်းတာရာတွင် secchi disk ကိရိယာကို ကန်အတွင်းသို့ ချလိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။
အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။
ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျှင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။
ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။
ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437