cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်များ ရေကြီး၊ရေလျှံခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးမြူရေးသမားများ မိုးရာသီ ရေကြီး၊ရေလျှံကာလတွင် ထူးခြားသောစိန်ခေါ်မှုများ ကိုကြုံတွေ့လေ့ရှိပါသည်။ ဒီနေ့မှာတော့ ငါးကန်ကို ရေလွှမ်းမိုးမှုကနေ ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
  • "မိုးရာသီ ရေကြီး၊ရေလျှံကာလတွင် ငါးမွေးမြူရေးသမားများအနေဖြင့် ထူးခြားသောစိန်ခေါ်မှုများ ကိုကြုံတွေ့လေ့ရှိပါသည်။ ထိုကာလများတွင် ရေများ မြင့်တက်လာခြင်းဖြစ်ပေါ်ကာ ငါး ကန်များကို ပျက်စီးဆုံးရှုံး သွားနိုင်သည်။ ဒီနေ့မှာတော့ ငါးကန်ကို ရေလွှမ်းမိုးမှုကနေ ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    "နံပတ် (၁) ငါးမွေးမြူရေးကန်များ၏ ကန်ဘောင်များ ခိုင်ခံ့ရန်ပြင်ဆင်ခြင်း။

    ကန်ဘောင်များ ခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်ဘောင်အတွင်းသို့ ပြင်ပရေများမဝင်နိုင်စေရန် ကာကွယ်ပေးနိုင်ရုံသာမက ကန်ရေလျှံခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။"

     နံပတ် (၂) ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပိုက်များဖြင့် ကာရံ ခြင်း။

    "ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်အတွင်း ရေများတက်လာပါက ငါးများလွတ်ထွက်ခြင်းကို ကာကွယ်နိုင်ရုံသာမက ပြင်ပမှ အညစ်အကြေးများနှင့်အမှိုက်များ ဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါသည်။"

    နံပတ် (၃) ငါးမွေးကန်၏ ရေထွက်/ရေလျှံပေါက်များထားရှိခြင်း။

    ငါးမွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ တပ်ဆင်ကာ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက်ထားရှိသင့်ပါသည်။ သို့မှသာ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေပို/ရေလျှံများ စီဆင်းနိုင်ကာ ရေလွှမ်းမိုးမှုကိုကျော်လွှားနိုင်မည်ဖြစ်ပါသည်။"

    "ရေကြီး၊ရေလျှံခြင်းသည် ရေ၏အရည်အသွေးကိုပြောင်းလဲစေကာ ငါးများတွင် ဖိစီးမှုများဖြစ်ပေါ်လာပြီး ငါးရောဂါများဖြစ်ပေါ်လာစေနိုင်ပါသည်။ ထိုကာလများတွင် ရေ၏အခြေနေကိုပုံမှန်စစ်ဆေးဖို့လိုအပ်ပါသည်။ အထူးသဖြင့် ရေ၏ pH, အပူချိန် နှင့် အောက်စီဂျင် Level များကို စစ်ဆေးပေးသင့်ပါသည်။

    "အထက်ဖော်ပြပါအချက်များအားဆောင်ရွက်ခြင်းဖြင့် မိုးရာသီအတွင်း ရေကြီး၊ရေလျှံခြင်း ဖြစ်ပွားပါက ငါးကန်များကိုကာကွယ်နိုင်ကာ ငါးမွေးတောင်သူများ ၏ဆုံးရှုံးမှုများကိုတား စီးနိုင်ပါသည်။."

    "ကြိုတင်ပြင်ဆင်မှုဖြင့် မိုးရာသီ ရေကြီး ကာလများတွင် သင်၏မွေးမြူထားသောငါးများကိုဂရုစိုက်ပါ"*

    (!ဤဗီဒီယိုသည် ငါးမွေးသူဦးကြီးများ မိုးရာသီကြိုတင်ပြင်ဆင်နိုင်ရန် ပြန်လည်တင်ပြသော ဗီဒီယိုဖြစ်ပါသောကြောင့် ဒီတစ်ကြိမ်တွင် ကံစမ်းမဲဖောက်ပေးသော အစီအစဉ် မပါဝင်ပါ)

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes
2
comments
0
views
2457