လတ်ဆတ်သော ငါးတစ်ကောင်၏သွင်ပြင်လက္ခဏာများ
လတ်ဆတ်သော ငါးတစ်ကောင်၏သွင်ပြင်လက္ခဏာများမှာ အောက်ပါအတိုင်းတွေ့ရှိနိုင်ပါသည် -
၁။ကိုယ်ခန္ဓာ အနေအထား တောင့်တင်းမာကျောမှုရှိနေခြင်း
၂။အကြေးခွံ (သို့မဟုတ်)အရေပြား မူလအရောင်အဆင်းရှိနေခြင်း
၃။အကျိ အချွဲ ပါးပါးလွှာလွှာ ဖုံးအုပ်လျှက်ရှိခြင်း
၄။ပါးဟက်မှ သွေးပုတ်များ ယိုစီးမှု့ မကျလာခြင်း
၅။မျက်စိအိမ်အတွင်းမှ မျက်စိပြူထွက်နေခြင်း
၆။မျက်စိ အလုံး အဝိုင်း တင်းပြောင်နေခြင်း
၇။သူငယ်အိမ် မျက်ကြည်လွှာ သည် မူလအရောင်အတိုင်းရှိနေခြင်း
၈။ ပါးဟက်မျှင်တန်းများ နီရဲနေခြင်း
၉။ပါးဟက် မျှင်တန်းများကို အကျိ အချွဲ ပါးပါးလေး ဖုံးအုပ်နေခြင်း
၁၀။ပါးဟက် မျှင်တန်များမှ အနံဆိုးများမထွက်သေးခြင်း
၁၁။ပါးဟက်တန်နှင့်အမျှင်များ စေးထန်းကြမ်းထော်လာမှု့ မရှိခြင်း
၁၂။အသားမာကျော၍ လက်နှင့်ဖိကြည့်လျှင် လက်ရာ ထင်ကျန်မှု မရှိခြင်း
၁၃။ အသားအနံ့ အပုတ်နံ့ မထွက်သေးခြင်း
၁၄။အသားကိုပိုင်းဖြတ်လေ့လာပါက အသားထုတ် မပျက်စီးသေးခြင်း
၁၅။အသားနီရဲပြီး သွေးဝင်ရောက်မှု့ အခြေအနေ မရှိသေးခြင်း
၁၆။ဝမ်းဗိုက်သား မပျော့သေးခြင်း
၁၇။ကိုယ်တွင်းအစာလမ်းကြောင်းအဖွဲ့ ပုံစံ မပျက်သေးခြင်း
၁၈။ကိုတွင်း အစာလမ်းကြောင်း အဖွဲ့တို့မှ အနံ့ထွက်ခြင်း သွေးထွက်ခြင်း မရှိသေးခြင်း
ငါးပုစွန်များသည် အပူချိန် နည်းလေ ပုတ်သိုးမှုနည်းလေဟု အဆိုရှိပါသည်။ သာမာန်အပူချိန် ၂၅မှ ၃၅ ဒီဂရီစင်တီဂရိတ်တွင် ငါးများသည် ၆ -၈ နာရီအထိသာ မပျက်စီးနိုင်ပါ။ ၂၀ မှ၂၅ ဒီဂရီစင်တီဂရိတ် အတွင်းတွင် ငါးများသည် ၁၂ နာရီမှ ၁၆ နာရီ အထိသာ မပျက်စီးနိုင်ကြောင်း တွေ့ရှိရပါသည်။
ဦးဆန်းအောင်
ထွက်တိုး
------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။