ချင်းတွင်းနှင့် ဧရာဝတီမြစ်အထက်ပိုင်း မြစ်ရေမြင့်တက်နိုင်
🔸 ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် စ တင်ဖြစ်ပေါ်နိုင်သော အထက်လေပွေလှိုင်း(UACC) မှ အားပိုကောင်းလာပြီး၊ ဇွန်လ ၂၅ ရက် ည ပိုင်း - ဇွန်လ ၂၆ ရက် နံနက်ပိုင်းအထိ လေဖိအားနည်းရပ်ဝန်း(LPA)အဖြစ် ဆက်လက်တည်ရှိနေနိုင်ပါမယ်။
🔸 "အနောက်တောင်မုတ်သုံလေအား" ဆက်လက်ကောင်းနေပြီး၊ နံနက်အစောပိုင်းနှင့် ညနေ/ညအချိန်များအတွင်း အပူချိန်လျော့ကျလာချိန်မှာ- ငွေ့ရည်ဖွဲ့အမှတ်(Dew Point Temperature)နှင့်နီးစပ်သည့်အချိန်၊ တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှုအခြေအနေပေါ်မူတည်ပြီး ဒေသအလိုက်မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။
လတ်တလောရရှိထားပြီးသည့် ကြိုတင်ခန့်မှန်းချက်များအရ -
🔸 ဇွန်လ ၂၂ ရက်နေ့နံနက်မှ ဇွန်လ ၂၅ ရက် ညပိုင်းအထိ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ မိုးများနိုင်ပါမယ်။
🔸 ဇွန်လ ၂၃ ရက် နံနက် မှ ဇွန်လ ၂၆ ရက်နံနက်ပိုင်းအထိ ၇၂ နာရီအတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဖျားဒေသများတွင် မိုးရေချိန် ၁၀ လက်မ အထက် ရွာသွန်းနိုင်တာကြောင့် ချင်းတွင်းနှင့်ဧရာဝတီမြစ်အထက်ပိုင်းမှာ မြစ်ရေများမြင့်တက်လာနိုင်ပါမယ်။
MMweather Page တွင် တင်ပေးထားသော ၄ ရက် ကြိုတင်ခန့်မှန်း မိုးလေဝသအခြေအနေများကြည့်ရန် - https://www.mmweather.org/divisional-cities-weather
(ဇွန်လ ၂၂ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်)
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437