အရင်းနှီးနည်းနည်းနဲ့ နေ့စဉ်ဝင်ငွေရချင်ရင် ကန်စွန်းရွက်စိုက်ပါ
ကန်စွန်းမျိုးကို ကြီးထွားမှုမြန်ဆန်ပြီး ပင်စည်ရှည်လျားတောင့်တင်းတဲ့မျိုးကိုရွေးချယ်သင့်ပါတယ်။
သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေးတွေကို အသုံးပြုစိုက်ပျိုးသင့်ပါတယ်။
မိမိထွက်ကုန် ဈေးကောင်းရရှိဖို့အတွက် သဘာဝမြေသြဇာ၊ သဘာဝပိုးသတ်ဆေးအသုံးပြုပြီးစိုက်တယ်ဆိုတာ လူသိများအောင်ကြေညာသင့်တယ်။
သဘာဝမြသြဇာ ရရှိဖို့မိမိကိုယ်တိုင် အီးအမ် ငါးအမိုင်နိုအက်စစ် စတာတွေကိုအသုံးပြုပြီးမြေသြဇာ ကိုယ်တိုင်လုပ်နိုင်အောင် လေ့လာဆောင်ရွက်ပါ။
စိုက်ခင်းမှာ ကန်စွန်းရွက်ကို အမြဲရရှိနိုင်အောင် စိုက်ပျိုးချိန်ကို စီမံစိုက်ပျိုးရပါမယ်။
မိမိစိုက်ခင်းကို အမြဲ မျက်ချေမပြတ်စောင့်ကြည့်၍ ပိုးရောဂါကျရောက်ခဲ့လျှင် အချိန်မီ ကာကွယ်နှိမ်နင်းနိုင်ရန် လုပ်သားလိုအပ်ချက်ပြည့်မီအောင် စီမံဆောင်ရွက်ထားပါ။
ကန်စွန်းရွက် စိုက်ခင်းရှိပြီဆိုရင်တော့ ကြက်၊ ဝက် တိရိစ္ဆာန်တွဲဖက်မွေးမယ် တိရိစ္ဆာန်အစာအတွက် ဆိုပိုအဆင်ပြေပြီး ဝင်ငွေနှစ်ဆ တိုးစေမှာဖြစ်ပါတယ်။
ဇာနည်
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857