ငရုတ်သီး အခြောက်တောင့်တွေထဲက မှို အန္တရာယ်
အာဖလာတော့စင် (Aflatoxin) လို့ခေါ်တဲ့ မှိုဆိပ် ကိုဖြစ်စေတဲ့ အက်စပါးဂျေးလက် (Aspergillus) မှိုတွေက ငရုတ်သီးအခြောက်တောင့်တွေထဲမှာပါတာကို သိထားမိစေချင်ပါတယ်။
အာဖလာတော့စင်မှိုက အနံ့မရှိ အရသာမရှိပေမယ့် လူတွေကိုသေစေနိုင်တဲ့အထိ အစွမ်းရှိပါတယ်။
လူသားတွေကို ဒီမှိုဆိပ်တွေက အသည်းတွေပျက်စီးစေနိုင်တယ်၊ ကင်ဆာရောဂါတွေဖြစ်စေတယ်၊ ရောဂါကိုတွန်းလန်ပေးနိုင်တဲ့ဆဲလ်တွေကို အားနည်းစေတယ်၊ ကလေးတွေရဲ့ ကြီးထွားမှုတွေကိုလည်း အနှောက်ယှက်ဖြစ်စေနိုင်တယ်၊ ဆိုးဝါးပါက လူတွေကိုသေစေနိုင်တဲ့အထိ အန္တရာယ်များပါတယ်။
ဒါကြောင့် ငရုတ်သီးခြောက်ဝယ်မယ်ဆိုရင် တော်တော်ခြောက်နေတာမျိုး၊ မှိုတွေမပါအောင် သေချာစီမံလုပ်ဆောင်ပေးတဲ့ ယုံကြည်ရတဲ့အရောင်းနေရာတွေကနေ ဝယ်ယူရပါမယ်။
ငရုတ်သီးအခြောက်တောင့် အတွင်းထဲမှာ မှိုပါနေလား၊ အရောင်ပျက်နေလား၊ မှိုထိုင်းအနံ့တွေရနေသလား သေချာစစ်ဆေးဝယ်ယူသင့်ပါတယ်။
ဝယ်လာတဲ့ ငရုတ်သီးခြောက်တွေကို အေးမြခြောက်သွေ့တဲ့နေရာမှာ လေလုံတဲ့ဘူးတွေထဲကို ထည့်ပြီးသိမ်းဆည်းသင့် ပါတယ်။
အက်စပါးဂျေးလက် (Aspergillus) မှိုကင်းစင်အောင် ရောင်းချသူများနှင့် စားသုံးသူများအတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857