မြန်မာနိုင်ငံအနှံ့မှာ မုတ်သုံမိုးများနှင့် စိုက်/မွေးအကြံပြုချက်
၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက် မှ ဇူလိုင်လ ၁ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်
ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၂၅၊၂၆၊၂၇၊၂၉ ရက်နေ့ တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၇၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၃၀ ရက်တွေ မှာတော့ မိုးရွာရန် ၅၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၁ ရာခိုင်နှုန်း အထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇွန်လ ၂၅၊၂၆၊၂၈၊၂၉ ရက်နေ့မှာတော့ မိုးရွာရန် ၉၅ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်းအောက် မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၂၅ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၉၀ ရှိနိုင်ပြီး ကျန် ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၄ ရာခိုင်နှုန်းအောက်မှာ ရှိ နိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါတယ် ခင်ဗျာ။
မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၂၅၊၂၆၊၂၇ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၀ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၄ ရာခိုင်နှုန်း အောက်မှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၁) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၂၅ ရက်တွေ မှာတော့ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၆၊၂၇၊၂၈၊၂၉ ရက်တွေမှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းနှင့်အထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။
မြန်မာနိုင်ငံအနှံ့မှာမုတ်သုံမိုးများဆက်လက်ရွာသွန်းနိုင်
ဇွန်လ ၂၄ ရက်၊ ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အမြင့်ပေ ၅၀၀၀ အထက်တွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာကာ၊ သိသာသောရွေ့လျားမှုမရှိပဲ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA) တခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း SEPAT ၊ တောင်တရုတ်ပင်လယ်မှာအစပျိုးလာတဲ့ လေပွေလှိုင်း(INVEST-96W)တို့ရဲ့ သက်ရောက်မှုက အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်လေစီးကြောင်းကို ပိုမိုအားကောင်းစေပြီး အနောက်တောင်မုတ်သုံလေကိုလည်း ပိုမိုအားကောင်းလာစေတဲ့အတွက် မြန်မာနိုင်ငံအနှံ့မှာမုတ်သုံမိုးများဆက်လက်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
မြေပဲတွင် ပျပိုးနှင့် ရွက်လိပ်ရွက်ကပ် ကျရောက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းလာသောတောင်သူများရှိတာကြောင့် ပျ၊ရွက်လိပ်ရွက်ကပ်ပိုး ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ ပျ၊ ရွက်လိပ်ရွက်ကပ်ကျသောစိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများ၊ ပုလဲယူရီးယားမြေဩဇာများအလွန်အကျွံသုံးစွဲခြင်းကိုရှောင်ပါ။ နိုက်ထရိုဂျင်အစား ပိုတက်စီယမ်(K) ကိုအဓိကထည့်သွင်းအသုံးပြုပေးပါ။ စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များ ရှင်းလင်းပေးပါ။ ပျပိုးအတွက်အသုံးပြုနိုင်သောဆေးများ- Fenoxycarb, Ethiprole, Spirotetramat,Spinosad ရွက်လိပ်ရွက်ကပ်အတွက် အသုံးပြုနိုင်သောဆေးများ- Emamectin benzoate,Lufenuron, Lambda cyhalothrin, Profenofos, Indoxacarb
ငါး၊ ပုစွန်ကန်များ အကြံပြုချက်
ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။
- ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး ရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။
- ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။
- ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။
- ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။
စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather
----------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437