ပီလောပီနံအဆိပ်သင့်ခြင်း
ပီလောပီနံဥကို ပြည်တွင်းရှိဒေသအများစု၌ ကလောဥဟုခေါ်ဆိုကြပြီး ပီလောပီနံဥသည် ဂျုံ၊ ဆန်၊ ပြောင်း၊ ပဲမျိုးစုံသီးနှံ အစားထိုး အာဟာရအစားအစာ ဖြစ်သော်လည်း လူတချို့အတွက် မူးဝေ၊ အော့အန်၊ အဆိပ်အတောက်ဖြစ်စေနိုင်သည်။ ပီလောပီနံဥစားပြီး နောက် ပျမ်းမျှအချိန် လေးနာရီ အကြာတွင် မူးဝေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်းတို့သည် ပီလောပီနံဥတောက်သော လက္ခဏာများဖြစ်သည်။ ယင်းအဆိပ်အတောက် လျော့ပါးသွားစေရန် စားမည့်ပီလောပီနံဥကို မီးဖိုတွင် ပွက်ပွက်ဆူအောင် ၁၀ မိနစ် ခန့်ပြုတ်လျှင် ပါဝင်သော ဂလူကိုဆိုက်အဆိပ်ကို ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်သည်။
ပီလောပီနံတွင် အချိုနှင့်အခါးဟူ၍ နှစ်မျိုးရှိပြီး အခါးမျိုးက အချိုမျိုးထက် ဂလူကိုဆိုက် အဆိပ်ပါဝင်မှု နှစ်ဆပိုများသည်။ ထို့ကြောင့် ပီလောပီနံဥအစိမ်းကို မပြုတ်မီ မြည်းကြည့်၍ ခါးသက်မှု အပြင်း၊ အပျော့ပေါ်မူတည်ကာ အပူပေးကြာမြင့်ချိန်ကို ချိန်ဆ၍ ပြုတ်ပေးသင့်သည်။ ထို့ပြင် ပီလောပီနံအမှုန့်ကို အစားအစာ၊ ဟင်းလျာများတွင် မချက်ပြုတ်မီ ဦးစွာ မီးဖိုပေါ် အိုးကင်းထည့် လှော်ပေးခြင်းဖြင့်လည်း ပါဝင်သော အဆိပ်ကို ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ မိုးခေါင်ပြီးခြောက်သွေ့သော ဒေသထွက် ပီလောပီနံဥတွင် ဆိုင်ယာနိုက်အဆိပ် ဖြစ်လာနိုင်သော ဓာတ်ပေါင်းပါဝင်မှုပိုမိုများသည်။
အဆိပ်အတောက်ပြေပျောက်စေရန် ပီလောပီနံဥ အစိမ်းကို အတုံးသေးသေးလှီးဖြတ်ပြီးနောက် အချိန် ကြာကြာရေစိမ်ပါ။ ပြီးလျှင် ရေများများသုံး၍ပြုတ်ပါ။ ပီလောပီနံဥကို မီးဖုတ်ခြင်း သို့မဟုတ် ပေါင်း၍ စားခြင်းထက် ပြုတ်စားခြင်းက အဆိပ်အတောက်များ ကို လျော့ကျစေနိုင်သည်။ ပီလောပီနံဥတောက်ခြင်းအတွက် ပဋိဇီဝနည်းအရ ဖြေဆေး(ထိုးဆေး) တစ်မျိုးရှိပြီး ဆေးသိပ္ပံနည်းအရ သိုင်အိုဆာလဖိတ်(Thiosulfate) ဟုခေါ်သည်။ ယင်းထိုးဆေးကပီလောပီနံဥထဲက အဆိပ် အာနိသင်ရှိသော ဆိုင်ယာနိုက် ဓာတ်ပေါင်း နှင့် ဓာတ်ပြုပြီးနောက် လူကို အဆိပ်ပြေသွားစေသောနည်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ကလောဥ(ခေါ်) ပီလော ပီနံဥစားသူတိုင်း အဆိပ်မသင့်ပါ။ ပီလောပီနံဥ စားသုံးခြင်းဖြင့် ကျန်းမာရေး အာနိသင်များကို ရရှိစေနိုင်ပါသည်။ သို့သော် အခန့်မသင့်လျှင် ဘေးဖြစ်စေနိုင်၍ ဖော်ပြပါအဆိပ်ပြေနည်းလမ်းများအတိုင်း စနစ်တကျပြုတ်၍ စားသုံးကြစေ လိုကြောင်း အကြံပြုလိုက်ရပါသည်။
အထူးသတိပြုရှောင်ကြဥ်ရမည့်အရာများမှာ -
(က) သပြေသီးနှင့် ပီလောပီနံဥ တွဲမစားရ၊ အဆိပ်ဖြစ်စေတတ်သည်။
(ခ) ဒန့်သလွန်သီးနှင့် ပီလောပီနံဥ တွဲမစားရ၊ တောက်တတ်သည်။
(ဂ) ပီလောပီနံဥစားပြီးနောက် အချဉ်ဓာတ်အရသာ ရှိသော အသီးများမစားရ၊ အော့အန်တတ်သည်။
“ဈေးကွက်ဝင်သည့် ပီလောပီနံနှင့် ကျန်းမာရေးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ” ကျန်းမာရေးဆောင်းပါးမှ ကိုးကားဖော်ပြသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857