ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသ ကြိုတင်ခန့်မှန်းချက်
(ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း)
(ဇွန် ၂၇ ရက် နံနက် ၁၁ နာရီ)
🔸 ဇွန်လ ၂၉ ရက် နဲ့ ၃၀ ရက်နေ့တွေအတွင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းနီးပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း DWD-ICON MODEL Forecast မှာ တွေ့ရပါတယ်။
🔸 ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနှင့် တရုတ်ပြည်မကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် လေဖိအားနည်းရပ်ဝန်း(TD-03W)၏ အရှိန်သက်ရောက်မှုကြောင့် -
ဇွန်လ ၂၉-၃၀ ရက်နေ့တွင် မိုးများနိုင်သည့်ဒေသများ -
🔸 ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းအနောက်ဘက်-ရခိုင်ရိုးမတောင်ခြေနှင့်ကပ်လျှက်ရှိသည့်ဒေသများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း
🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ဇွန် ၂၈-၂၉-၃၀ ရက်များ၌ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၂၀ အထက် ရှိနိုင်ပါတယ်။
(DWD-ICON MODEL FORECAST)
🔸 ပြည်နယ်တိုင်းများအလိုက် ၄ ရက် ကြိုတင် မိုးလေဝသခန့်မှန်းချက်များကိုကြည့်ရန် - https://www.mmweather.org/divisional-cities-weather
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.