cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၄ ရက်အထိ မိုးလေဝသအခြေအနေ

. ဈေးကွက်သတင်းများ
ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း -* ၂၀၂၄ ခုနှစ်အတွင်းရေကြီးခဲ့သည့်၊ အင်းလေးဒေသနှင့် အောင်ပန်း၊ ကလောဒေသတွေမှာ ၇ ရက် ၁ ပါတ်အတွင်း ရရှိနိုင်မည့်မိုးရေချိန် ၁ လက်မ မကျော်နိုင်ပါ *
  • ဘင်္ဂလားပင်လယ်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအနီးတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁ ရက်နေ့အတွင်းတွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် - 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း - 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မိုးပိုလာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးရေချိန်အနည်းငယ်သာရွာသွန်းနိုင်ကာ၊ မိုးဆက်လက်လျှော့နည်းနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်ဝိန်းကြီး၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ နန့်ဖတ်ကာ၊ တာမိုးညဲ၊ ချင်းရွှေဟော်နှင့် တရုတ်ပြည်နယ်စပ်အနီးမှ မြို့များတွင် ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မကျော်အထိရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်/မိုးများနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းယောင်း၊ တာချီလိတ် စသည့် မြို့များဝန်းကျင်တွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မခန့် ရွာနိုင်ပြီး 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ၊ နောင်တရားနှင့် ပင်လောင်းမြို့များဝန်းကျင်မှာ ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မခန့်ရွာနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အတွင်း နေ့လည်ပိုင်းနှင့် မွန်းလွဲညနေပိုင်းတွေမှာ အများအားဖြင့်၊ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်နှင့် ဒေသအလိုက် လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% ကြားမှာ ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ ပျမ်းမျှနေသာချိန် ၁ ရက် ကို ၅ နာရီမှ ၆ နာရီခန့်အထိရှိနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေသာချိန်ပိုနည်းကာ မိုးအုံ့ချိန်ပိုများနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၆°C နဲ့ အရှေ့ပိုင်းမှာ ၃၂°C အထိ ရှိနိုင်ကာ အနိမ့်ဆုံး ညအပူချိန်တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၂°C ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၈°C နဲ့ အရှေ့ပိုင်းမှာ ၂၄°C အသီးသီးရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ခရမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း ခရမ်းစိုက်ပျိုးရာတွင် ခရမ်းရွက်ခြောက်ရောဂါမှာ ခရမ်းပင် အရွက်များတွင် အညိုရောင်အစက်ပျောက်များမှစတင်ကာ တဖြည်းဖြည်း မီးခိုးရောင်ပြောင်းလာပြီး ပင်စည်များပေါ် ကူးစက်စေ၍ နောက်ဆုံးတွင် အပင်သေသွားတတ်ပါသည်။ မိုးရွာသွန်းပြီး ပူနွေးစိုစွတ်နေပါက ၎င်းရောဂါပြန့်နှံ့မှုကို ပိုမြန်စေပြီး အသီးများပေါ်အထိ ပျံ့နှံ့သွားတတ်ပါသည်။ 

    ခရမ်းရွက်ခြောက်ရောဂါမှ ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ - 

    • မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် အနည်းဆုံး ၃ နှစ် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ရောဂါကျရောက်နေသော အပင်များကို ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • လေဝင်လေထွက် ကောင်းမွန်စေရန် အပင်စိတ်စိတ်စိုက်ခြင်းမှ ရှောင်ကြဥ်ပါ။ 
    • ရောဂါစတင်ကျရောက်ပါက Propiconazole၊ Azoxystrobin၊ Chlorothalonil၊  Thiophanate-methyl နှင့် Copper ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။ 

    ငါးကန် ရေဩဇာကောင်းမွန်ရရှိစေရန် အကြံပြုချက် 

    • ကန်အတွင်းသဘာဝအစာ ရရှိစေရန်အတွက် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးကိုသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရန်လည်း လိုအပ်ပါသည်။ 
    • ထုံးပက် ရေသွင်းပြီး ကန်ရေ (၂)ပေရှိ ငါးမွေးကန် တစ်ဧကလျှင် ပုလဲ (၁၂)ပိသာ ၊တီစူပါ (၆)ပိဿာနှင့် ပိုတက်(၃)ပိဿာကို ရောပြီး နေပူချိန် မနက်ပိုင်းတွင် ကန်အတွင်းသို့ နေရာအနှံ့ပက်ပေးပါ။ (၃)၇က်မှ (၇)ရက်အကြာတွင် ကန်ရေသည် အစိမ်းနုရောင် (သို့မဟုတ်) စိမ်းဝါရောင်သို့ပြောင်းလဲလာပါလိမ့်မည်။ 
    • အဆိုပါ အခြေအနေတွင် ကန်အတွင်း သဘာဝအစာများပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ သဘာဝအစာများ ပေါက်ဖွားခြင်းအတွက် နေရောင်ခြည်သည် အထူးအရေးကြီးပါသည်။ ထို့ကြောင့် နွေရာသီတွင် နေပူပြင်းသောကြောင့် အစာပေါက်ဖွားနှုန်း ပိုမိုကောင်းမွန်ပြီး အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ အလျှင် အမြန်ပြောင်းလဲလာပါသည်။ မိုးရာသီတွင် နေအလင်းရောင် ရရှိမှုနည်းသောကြောင့် အစိမ်းနု ရောင်သာဖြစ်ပေါ်ပြီး မိုးအဆက်ရွာသွန်ပြီး၊‌ နေရောင်ခြည် ရရှိမှုနည်းခြင်းတို့ကြောင့်လည်း သဘာဝ အစာမပေါက်ဖွားနိုင်ဘဲ လုံးဝပျောက်ကွယ် သွားတတ်ပါသည်။ 

    -------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
4032