ရှမ်းပြည်နယ် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၄ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအနီးတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁ ရက်နေ့အတွင်းတွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် -
ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း -
· ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မိုးပိုလာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးရေချိန်အနည်းငယ်သာရွာသွန်းနိုင်ကာ၊ မိုးဆက်လက်လျှော့နည်းနေနိုင်ပါမယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်ဝိန်းကြီး၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ နန့်ဖတ်ကာ၊ တာမိုးညဲ၊ ချင်းရွှေဟော်နှင့် တရုတ်ပြည်နယ်စပ်အနီးမှ မြို့များတွင် ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မကျော်အထိရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်/မိုးများနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းယောင်း၊ တာချီလိတ် စသည့် မြို့များဝန်းကျင်တွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မခန့် ရွာနိုင်ပြီး
· ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ၊ နောင်တရားနှင့် ပင်လောင်းမြို့များဝန်းကျင်မှာ ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မခန့်ရွာနိုင်ပါတယ်။
· ရှမ်းပြည်နယ်အတွင်း နေ့လည်ပိုင်းနှင့် မွန်းလွဲညနေပိုင်းတွေမှာ အများအားဖြင့်၊ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်နှင့် ဒေသအလိုက် လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% ကြားမှာ ရှိနေနိုင်ပါမယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ ပျမ်းမျှနေသာချိန် ၁ ရက် ကို ၅ နာရီမှ ၆ နာရီခန့်အထိရှိနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေသာချိန်ပိုနည်းကာ မိုးအုံ့ချိန်ပိုများနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၆°C နဲ့ အရှေ့ပိုင်းမှာ ၃၂°C အထိ ရှိနိုင်ကာ အနိမ့်ဆုံး ညအပူချိန်တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၂°C ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၈°C နဲ့ အရှေ့ပိုင်းမှာ ၂၄°C အသီးသီးရှိနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါးကန် ရေဩဇာကောင်းမွန်ရရှိစေရန် အကြံပြုချက်
- ကန်အတွင်းသဘာဝအစာ ရရှိစေရန်အတွက် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးကိုသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရန်လည်း လိုအပ်ပါသည်။
- ထုံးပက် ရေသွင်းပြီး ကန်ရေ (၂)ပေရှိ ငါးမွေးကန် တစ်ဧကလျှင် ပုလဲ (၁၂)ပိသာ ၊တီစူပါ (၆)ပိဿာနှင့် ပိုတက်(၃)ပိဿာကို ရောပြီး နေပူချိန် မနက်ပိုင်းတွင် ကန်အတွင်းသို့ နေရာအနှံ့ပက်ပေးပါ။ (၃)၇က်မှ (၇)ရက်အကြာတွင် ကန်ရေသည် အစိမ်းနုရောင် (သို့မဟုတ်) စိမ်းဝါရောင်သို့ပြောင်းလဲလာပါလိမ့်မည်။
- အဆိုပါ အခြေအနေတွင် ကန်အတွင်း သဘာဝအစာများပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ သဘာဝအစာများ ပေါက်ဖွားခြင်းအတွက် နေရောင်ခြည်သည် အထူးအရေးကြီးပါသည်။ ထို့ကြောင့် နွေရာသီတွင် နေပူပြင်းသောကြောင့် အစာပေါက်ဖွားနှုန်း ပိုမိုကောင်းမွန်ပြီး အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ အလျှင် အမြန်ပြောင်းလဲလာပါသည်။ မိုးရာသီတွင် နေအလင်းရောင် ရရှိမှုနည်းသောကြောင့် အစိမ်းနု ရောင်သာဖြစ်ပေါ်ပြီး မိုးအဆက်ရွာသွန်ပြီး၊ နေရောင်ခြည် ရရှိမှုနည်းခြင်းတို့ကြောင့်လည်း သဘာဝ အစာမပေါက်ဖွားနိုင်ဘဲ လုံးဝပျောက်ကွယ် သွားတတ်ပါသည်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437