cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထန်းရည်သောက်ရတာ ကြိုက်လား?

. ကျန်းမာရေးဆောင်းပါးများ
ဒါဆိုရင်တော့ ထန်းရည်သောက်ခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး ၁၀ မျိုး ရနိုင်တယ်ဆိုတာ သတိရလိုက်တော့နော်
  • article
  • ဝိုင်သောက်ခြင်းအားဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ထန်းရည်ရဲ့ အကျိုးကျေးဇူးတွေကကော သင်သိပါရဲ့လား ။ ဒီ အပတ်မှာတော့ ထန်းရည်ချစ်သူများအတွက် ကျန်းမာရေးအရ ရနိုင်မဲ့ အကျိုးကျေးဇူးလေးတွေဖော်ပြလိုက်ပါတယ်။  

    သတိ။ ။ တန်ဆေး၊ လွန်ဘေး 

    ၁။ အာဟာရဓာတ်များ ကြွယ်ဝခြင်း။ 

    ထန်းရည်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အမိုင်နိုအက်ဆစ်များ အပါအဝင် အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဒီအာဟာရဓာတ်တွေဟာ အလုံးစုံသောကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ သို့သော်လည်း ထန်းရည်သည် အရက်ယမကာဖြစ်သည် ကိုလည်း သတိပြုရန်လိုပါသည်။ 

    ၂။ ဓာတ်တိုးဆန့်ကျင် Antioxidant ဂုဏ်သတ္တိများ 

    ထန်းရည်တွင် ဖီနိုလစ်ဒြပ်ပေါင်းများကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ ၎င်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာကိုယ်အား ဓာတ်တိုးဆန့်ကျင်ဖိစီးမှုမှ ကာကွယ်ပေးပြီး နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသည်။ ယေဘူယျအားဖြင့် ဝိုင်နှင့် အခြားအရက်အမျိုးအစားအချို့သည် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် ကူညီပေးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ထန်းရည်သောက်သုံးခြင်းဖြင့် ၄င်း အကျိုးကျေးဇူးများရရှိသည်မှာ အထူးအဆန်းတော့မဟုတ်ပါဘူး။ 

    ၃။ အစာချေဖျက်မှုကို တိုးတက်စေခြင်း 

    ထန်းရည်ပြုလုပ်ရာတွင် ပါဝင်သည့် သဘာဝအချဉ်ပေါက်သည့် လုပ်ငန်းစဉ်သည် အစာချေဖျက်ရန်နှင့် အူကျန်းမာရေးကို အထောက်အကူပြုသည့် ပရိုဘိုင်အိုတစ်နှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးပါတယ်။ ပရိုဘိုင်အိုတစ် စားသုံးခြင်းကိုနားလည်ပြီး သင့်ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ထန်းရည်က သင်‌ရွေးချယ်သင့်တဲ့အရာဖြစ်ပါတယ်။ 

     

    ၄။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း 

    ထန်းရည်ကို သင့်တင့်စွာ သောက်သုံးခြင်းသည် ထန်းရည်၏ antioxidant ပါဝင်မှုနှင့် ပိုးသတ်နိုင်သော ဂုဏ်သတ္တိများကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်ကြောင်း လေ့လာမှုအချို့က အကြံပြုထားပါသည်။ သို့သော်လည်း မည်သည့်ယမကာကိုမဆို မျှတစွာသောက်သုံးရန် လိုအပ်ကြောင်း မမေ့ပါနှင့်။ ထန်းရည်မှာ ကိုယ်ခံအားစနစ်ကောင်းစေဖို့ အတွက်အကျိုးကျေးဇူးတွေရှိပါတယ်၊ ဒါပေမယ့် ဒီဖျော်ထန်းရည်မှာလည်း ABV 4% ပါရှိပါတယ်။ 

    ၅။ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း 

    ထန်းရည် သောက်သုံးခြင်းသည် သွေးပေါင်ချိန်ကျခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချခြင်းအပါအဝင် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်းနှင့် ဆက်စပ်မှုရှိပါသည်။ ထန်းရည်မှာပါတဲ့ antioxidants တွေက ရောင်ရမ်းမှုနဲ့ ဓာတ်တိုးပျက်စီးမှုကို လျှော့ချပေးခြင်းအားဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ 

    ၆။ အရိုးကျန်းမာရေးကောင်းမွန်စေခြင်း 

    ထန်းရည်၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခုမှာ အရိုးကျန်းမာရေးနှင့် သက်ဆိုင်ပါသည်။ ထန်းရည်ထဲမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေကို သန်မာပြီး ကျန်းမာသန်စွမ်းစေဖို့အတွက် ထောက်ပံ့ပေးပါတယ်။ ပုံမှန်သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းကဲ့သို့သော အရိုးပွရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။  

    ၇။ စွမ်းအင်လုပ်ဆောင်မှု့ကိုမြှင့်တင်ခြင်း။ 

    စွမ်းအင်မြှင့်တင်ခြင်းသည် အရက်ပါဝင်တဲ့ သောက်စရာတွေကနေ လူတွေ မျှော်လင့်ထားသည့်အရာ တော့မဟုတ်ပါဘူး။ သို့သော်၊ ထန်းရည်ရဲ့ အကျိုးကျေးဇူးများစွာထဲမှ ရနိုင်မဲ့ အကျိုးတစ်ခုက စွမ်းအင်တိုးမြင့်မှုနှင့် ဆက်စပ်နေပါတယ်။ထန်းရည်ထဲ မှာ သဘာဝ ကာဗိုဟိုက်ဒရိတ်နှင့် သကြားဓာတ် အရင်းအမြစ်များပါဝင်ပြီး အဲ့ဒီကနေလျင်မြန်သော စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကြောင့် အလုပ်သမားများနှင့် အားကစားသမားများက ကုန်ဆုံးစွမ်းအင်အမြန်မြှင့် တင်ရန်အတွက် သောက်သုံးလေ့ရှိကြပါတယ်။  

    ၈။ စိတ်ဖိစီးမှု လျော့ပါးစေခြင်း။ 

    သောက်စရာ ကောင်းကောင်းတခုက စိတ်ဖိစီးမှုကို လျှော့ချရန် ကောင်းသောနည်းလမ်းဖြစ်တယ်လို့ သင်မထင်ဘူးလား။ ဒါပေမယ့် အချိုရည်တိုင်းဟာ ဘယ်လောက်ပဲ ကောင်းနေပါစေ စိတ်ဖိစီးမှုကို အမှန်တကယ် လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။ ထန်းရည်ကို အသင့်အတင့် သောက်သုံးခြင်းက သောက်သုံးသူကို စိတ်အေးလက်အေးနဲ့ စိတ်ပြေလျော့စေတယ်လို့ လူတချို့က သဘောတူကြပါတယ်။ သို့သော်လည်း ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုဖြစ်စေနိုင်တဲ့ အလွန်အကျွံသောက်သုံးခြင်းကို တော့ သင်ကိုယ်တိုင်ရှောင်ကြဉ်ရန်အရေးကြီးပါတယ်။ 

     ၉။ အရေပြားကျန်းမာရေးကောင်းမွန်စေခြင်း 

    ထန်းရည်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေဟာ ဓာတ်တိုးဆန့်ကျင်သက်ရောက်မှုရဲ့ အာနိသင်တွေကို လျှော့ချပေးပြီး ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့ အတွက်ကြောင့် ကျန်းမာတဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ အချို့နေရာ‌‌ဒေသတွေမှာ ထန်းရည်အပျစ်ကို သဘာဝအသားအရေထိန်းဆေးအဖြစ် အသုံးပြုကြပါတယ်။ 

    ၁၀။ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း 

    ထန်းရည်သည် အခြားအရက်ဖျော်ရည်များနှင့် နှိုင်းယှဉ်ပါက ကယ်လိုရီနည်းပါး ပါတယ်။ ကိုယ့်ခန္ဓာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းကြသူများအတွက် ထန်းရည်သောက်သုံးခြင်းဟာ သင့်လျော်သော ရွေးချယ်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ သို့သော် အလွန်အကျွံ သောက်သုံးမှုသည် ကိုယ်အလေးချိန်တိုးခြင်းနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သောကြောင့် သတိထားပြီး သောက်သုံးသင့်ပါတယ်။ 

    ဘာသာပြန်သူ-မေ့ရင်သွေး 

    10 Health Benefits of Palm Wine and Possible Issues မှ ကောက်နှုတ်ထားပါသည်။ 

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


likes
6
comments
0
views
1721