မိုးရာသီ ကွမ်းတွင်အဓိကကျရောက်သောရောဂါများ
. ရောဂါ
ကွမ်းဆီစွန်း၊ရိုးမည်းဆစ်ပြုတ် -ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။
(၁) ဒေါင်းမြီးကွက်ရောဂါ
- ရောဂါလက္ခဏာအနေဖြင့် မြေပြင်နှင့် ကပ်လျက်ရှိသော အရွက်တွင် စက်ဝိုင်းပုံ ရေစိုနာကွက်များ အရွက်၏ဘေးအနားမှ စတင်ဖြစ်ပေါ်နေသည်ကို တွေ့ရပါတယ်။
- ရောဂါကျနေတဲ့ ပင်စည် ဆစ်ကြားများသည် ပျော့ပုပ်ဆွေးရိနေသောကြောင့် ဖြူဖွေးထူထပ်သော ဝါဂွမ်းဆုပ်နှင့်တူသည့် မှိုမျှင်စုများ ဖုံးအုပ်ထားသည် ကိုတွေ့မြင်နိုင်သည်။
- ရောဂါကျရောက်နေသော အပင်၏ အမြစ်များသည် ပုံစံပျက်ပြီး ပုပ်နေသောကြောင့် အပင်အတွက် လိုအပ်သည့် အာဟာရနှင့် ရေကို ကောင်းစွာ မထောက်ပံ့ပေးနိုင်ပါ။
- အပင်အမြင့် (၂-၃) ပေအတွင်းရှိသော အရွက်များတွင် အရွက်ပုပ်နေသည့် လက္ခဏာကို တွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်း
- ကွမ်းရိုးမဲ ဆစ်ပြုတ်ရောဂါ ကျရောက်ခဲ့ရင် ရောဂါကင်း၍ အနည်းဆုံး တစ်နှစ်ကျော် သက်တမ်းရှိတဲ့ မျိုးကိုင်းကို အသုံးပြုပေးပါ။
- စိုက်ခင်းထဲတွင်ရှိသော ပင်ကြွင်းပင်ကျန်များကို သေချာ ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ ရေသွင်းရေထုတ်ကို မှန်မှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။
- Dimethomorph, Cymoxanil, Metalaxyl, Propamocarb hydrochloride, Fosetyl AL အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။
(၂) ကွမ်းဆီစွန်း၊ရိုးမည်းဆစ်ပြုတ်
- မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။
- အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။
- ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။
- မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။
- ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။
- ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ အလင်းဖွင့်ပေးပါ။
- ကွမ်းပင်ခြေ ရေမဝပ်အောင်ဆောင်ရွက်ပါ။
- အသုံးပြုနိုင်သောဓာတုဆေးများ- Copper oxychloride, Kasugamycin, Bismerthiazol, Oxolinic acid, Validamycin
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန၊ MOALI Agricultural Study Blog
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857
5
0
1756