တညင်းသီးကို ကြိုက်လွန်းလို့(မရှောင်နိုင်လို့) စားချင်တယ်ဆိုရင် ဒီလိုလေးတော့လုပ်ပါ
တညင်းသီးစားခြင်းကို အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများ (လုံး၀)လက်မခံသော အစားအစာဖြစ်သည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းကို ဆိုးကျိုးပေးနိုင်သော အစားအစာ ဖြစ်သည်။ တညင်းသီးကိုဓာတ်ခွဲသုတေသန ပြုကြည့်သောအခါ လူကိုအကျိုးပြုသည့် မည်သည့် အာဟာရမျှ မပါဝင်ဟုဆိုသည်။
" တညင်းသီးကို ကြိုက်လွန်းလို့(မရှောင်နိုင်လို့) စားချင်တယ်ဆိုရင် ဒီလိုလေးတော့ ပြုတ်ပါ "
- တညင်းသီးပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်သီးရည် ညှစ်ထည့်ပြီး ပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျော့နည်းစေသည်။
" တညင်းသီး ဆားရေစိမ်မည်ဆိုလျင် "
- တညင်းသီးကို ရင့်သည့်အသီးကို ရှောင်ပြီး နုသောအသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင်ထည့်၍ ဆားရည်စိမ်ပါ။
" တညင်းသီး အရမ်းကြိုက်လို့( မစားပဲ မနေနိုင် )သူများ အတွက် စားပြီးလျှင် ဒီနည်းလေးနဲ့ ပြန်ဖြေပေးပါ "
- တညင်းသီးပြုတ်ကို တို့စရာအဖြစ်စားလျှင် အဖြေဓာတ်အဖြစ် ရှောက်ရွက် အနည်းအငယ်ကို စားပေးပါ။
- သံပရာဖျော်ရည် တစ်ခွက်သောက်ပေးပါ။
( ဖြစ်နိုင်ရင် တညင်းသီးကို မစားတာ အကောင်းဆုံးပါပဲ )
(ကြည်လွင်မြင့်-မုဒြာ)၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857