cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း ဇူလိုင်လ ၂ ရက် မှ ဇူလိုင်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် သပ်ပုံအနာကွက်ရောဂါကိုသတိပြုရပါမည်။ ရောဂါလက္ခဏာမှာ မြေပဲအရွက်၏ အပေါ်အောက် မျက်နှာပြင်တွင် အညိုရောင်(သို့)အနက်ရောင် အနာကွက်ငယ်များပေါင်းသွားပြီး အရွက်ထိပ်ဖျားတွင် အဝါရောင် အနားရစ်နှင့် ရွက်လည်ကြော တစ်လျှောက်ပြန့်ကာ တစ်ရွက်လုံးခြောက်သွားတတ်သည်။
  • ၂၀၂၅ ခုနှစ် မိုးလယ်ကာလ၏ ပထမရက်သတ္တပါတ်အတွင်း မုတ်သုံလေမည်မျှအားကောင်းနေပါစေ၊ “ဇူလိုင် ၂ ရက် မှ ဇူလိုင် ၈ ရက်”အထိ မကွေးတိုင်းအတွင်း မိုးရွာနိုင်မည့်အခြေအနေသည် - 

    ·          မကွေးတိုင်းအနောက်ခြမ်းမှ ရခိုင်ရိုးမနှင့်ကပ်လျှက်ဒေသများ၊ မကွေးတိုင်းအရှေ့တောင်ဘက်မှ ပဲခူးရိုးမနှင့်ကပ်နေသည့်ဒေသများတွင်သာ မိုးအသင့်အတင့် (၂၄ နာရီ မိုးရေချိန် ၀.၅ လက်မခန့်) ရွာနိုင်ပြီး 

    ·          မကွေးတိုင်းအလယ်ပိုင်းမှ မြို့တော် မကွေးမြို့နှင့် မြောက်ဘက်မှ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ စသည့်မြို့နယ်များတွင် မိုးနည်းနေနိုင်မှာဖြစ်ပါတယ်။ 

    ·          ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း နေ့အပူချိန်များ ၃၂°C အထိမြင့်တက်လာနိုင်ပြီး ဒုတိယပါတ်တွင်(ဇူလိုင် ၉ ရက် မှ ဇူလိုင် ၁၅ ရက်အတွင်း) ၃၅°C အထိ မြင့်တက်လာနိုင်ပါတယ်။ အနိမ့်ဆုံး ည အပူချိန်များမှာတော့ ၂၅°C ဝန်းကျင်ခန့်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆသည်လည်း ဇူလိုင် ၆ ရက်နေ့မှ စတင်၍ ၅၀% အထိ ကျဆင်းနေနိုင်ပြီး၊ ခံစားရသည့်အပူချိန် ၃၆°C အထိရှိနေနိုင်ပါမယ်။ 

    ·          ယခု ၁ ပါတ်အတွင်း မကွေးတိုင်းရဲ့ လေတိုက်နှုန်းတောင်ဘက်နှုင့် အရှေ့တောင်ဘက်မှ တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိရှိနေနိုင်ပြီး မကွေးတိုင်းအရှေ့--အရှေ့တောင်ဘက် ပဲခူးရိုးမနှင့်နီးသောဒေသများဖြစ်သည့်၊ နတ်မောက်၊ တောင်တွင်းကြီး၊ အောင်လံ၊ သရက် စသည့်မြို့နယ်များတွင် ထစ်ချုန်းမည့်အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။ 

    ·          မကွေးတိုင်းရဲ့ လေထုညစ်ညမ်းမှုအခြေအနေ အညွှန်းကိန်း(AQI)က 30 ရှိနေတာကြောင့် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် သပ်ပုံအနာကွက်ရောဂါကိုသတိပြုရပါမည်။ ရောဂါလက္ခဏာမှာ မြေပဲအရွက်၏ အပေါ်အောက် မျက်နှာပြင်တွင် အညိုရောင်(သို့)အနက်ရောင် အနာကွက်ငယ်များပေါင်းသွားပြီး အရွက်ထိပ်ဖျားတွင် အဝါရောင် အနားရစ်နှင့် ရွက်လည်ကြော တစ်လျှောက်ပြန့်ကာ တစ်ရွက်လုံးခြောက်သွားတတ်သည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ရောဂါရပင်ကြွင်း ပင်ကျန်များမှ မြေကြီးထဲတွင်ရှိနေသည့်အတွက် မီးရှုံ့ဖျက်ဆီးပါ။ 
    • မြေပဲ နှင့် အခြားသီးနှံများ ကို သီးလှည့်စိုက်ပျိုးပါ။ 
    • လက်ခံပင်များဖြစ်သည့်စိုက်ခင်းနှင့်စိုက်ခင်းပြင်ပရှိပေါင်းမြက်များကိုရှင်းလင်းပါ။ 
    • ကြိုတင်ကာကွယ်လိုပါက Cymoxanil + Mancozeb ပါဝင်သော ထိသေမှိုသတ်ဆေးအား ပက်ဖျန်းနိုင်ပြီး ရောဂါကျရောက်လာပါက Propamocarb hydrochloride နှင့် Azoxystrobin + Difenoconazole ကဲ့သို့သော ပင်လုံးပြန့်အာနိသင်ရှိသည့် မှိုသတ်ဆေးများအသုံးပြုနိုင်ပါသည်။ 

    ငါးသားပေါက်ကန် ပြုစုခြင်း အကြံပြုချက် 

    ငါးသားပေါက်ပြုစုရာတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ချိန်တွင် တစ်ဧက ထုံး ၂၄၈ပိဿာ ပက်သင့်ပါသည်။ 

    ကန်အတွင်းသို့ ရေစသွင်းလျှင် သဲရေစစ်ကို အသုံပြုပြီး ထည့်သွင်းပါ။ 

    ရေအနက်သည် ငါးမှုန် ဘဝ တွင် (၂)ပေသာ ထားရှိရပါမည်။ 

    ရက် ၂၀ ကျော်ပါက ၆လက်မခန့်ထပ်မံဖြည့်သွင်းပေးပါ။ 

    ကန်အတွင်း ငါးရိုင်းများနှင့် သားစားငါးများကင်းရှင်းစေရန်သည် အဓိကကျပါသည်။ ငါးသားပေါက်မွေးရာတွင် ငါးမျိုစိတ် တစ်မျိုးတည်းသာ ထည့်သွင်းပါ၊ ရေနှော မွေးမြူခြင်းမျိုး မဖြစ်စေသင့်ပါ။ 

    -----------

    ထွက်တိုးရယူရန်လင့် - https://htwettoe.com/download

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာ အဖြေရှာနည်း _ https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe


  • article
likes
11
comments
0
views
3669