cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေနိုင်ခြင်း နှင့် စိုက်/မွေးအကြံပြုချက်

. ရာသီဥတု သတင်းများ
မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ ရက် မှ ၆ ရက်နေ့ အထိ မိုးရွာရန် ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၂-၇၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မှ ဇူလိုင်လ ၈ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်        

    ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ ရက် မှ ၆ ရက် နေ့ အထိ မိုးရွာရန် ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။   ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၃ - ၇၄ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ 

    မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ ရက် မှ ၆ ရက်နေ့ အထိ မိုးရွာရန် ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၂-၇၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။       

    နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၀) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၂ရက်မှ ၆ ရက် နှင့် ၈ရက်နေ့ တွေမှာတော့ မိုးရွာရန် ၉၀ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။       

      တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၊ ၆ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၉၆ နှင့် အထက်မှာ ရှိနိုင်ပြီး ၃၊၄ ရက်နေ့တွေမှာတော့ မိုးရွာရန် ၄၃_၅၅ ရာခိုင်နှုန်းမှာ ရှိ နိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၇-၆၉ ရာခိုင်နှုန်းမှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။      

      မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၄၊၅၊၆ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၁ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၇၀ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။       

      ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ရက်မှ ၆ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း မှာ ၉၁ နှင့်အထက်မှာရှိနိုင်ပြီး ကျန် ရက်တွေမှာ မိုးရွာရန် ၇၂-၇၅ ရာခိုင်နှုန်းနှင့်အတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။       

      မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေနိုင် 

      ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်အတွင်း ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အထက်လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေမှာဖြစ်ပါတယ်။ 

      ဂန္ဓမာပန်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    လက်ရှိဂန္ဓာပန်းစိုက်တောင်သူများကြုံတွေ့နေရသော သံကြေးဖြူရောဂါနှင့် ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။  

    သံကြေးဖြူကျရောက်နေပါက ရောဂါကျနေတဲ့အရွက်တွေကိုဖယ် တစ်ခါတည်းကြွပ်ကြွပ်အိတ်ထဲထည့်ခဲ့ပြီး စိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ။ မြေကြီးပေါ်မချထားခဲ့ပါနဲ့။ 

    စိုက်ခင်းမြေရေမဝပ်စေရန်ဆောင်ရွက်ပါ။ 

    မှိုစပိုးတွေက ရေနဲ့အဓိကပွားများတာဖြစ်ပါတယ်။ မှိုသတ်ဆေးအနေနဲ့ Propamocarb hydrochloride + Fosetyl-Al ၊ ဒုတိယအကြိမ် Trifloxystrobin+ Tebuconazole ကိုရွေးချယ်နိုင်ပါတယ်။ 

    ဆေးဖျန်းတဲ့အခါ အရွက်အောက်ကနေ ဆေးဖျန်းခေါင်းနော်ဇယ်ကိုပင့်ပြီးဖျန်းပေးပါ။ 

    အပင်ခြေကို ပိုတက်ရှ် (K) မြေဩဇာထည့်ပေးပါ။ 

    ဆေးဖျန်းပြီး နောက်တစ်ပါတ်မှာ အပင်ခြေကိုထုံးမှုန့်ဖြူးပေးပါ။ 

       ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက်  

    ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။ 

    ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ- 

    (၁) ရောဂါပိုး 

    (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင် 

    (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။   

    ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather       

    ----------------      

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12       

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို       

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.       

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437       


likes
7
comments
0
views
3837