cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးစနစ်နှင့် ငါးသားပေါက်ထည့်သွင်းခြင်းအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးတောင်သူများသည် ဈေးကွက်တွင် အရောင်းသွက်သော ငါး မျိုးစိတ်ကိုသာရွေးချယ်မွေးမြူကြပါသည်။ ယခုလက်ရှိ မွေးမြူရေး အများဆုံးမွေးမြူသော ငါးမျိုးစိတ်မှာ ငါးမြစ်ချင်းနှင့် ငါးကြင်းကိုသာ မွေးမြူကြပါသည်။
  •            ငါးမွေးတောင်သူအများသည် ငါးမွေးမြူရန်အတွက် ငါးသားပေါက်ထည့်သွင်းခြင်းကို နှစ်စဉ် ဇွန်လမှ ဩ ဂုတ်လ အထိထည့်သွင်းဆောင်ရွက်ကြပါသည်။ ငါးမွေးတောင်သူများသည် ဈေးကွက်တွင် အရောင်းသွက်သော ငါး မျိုးစိတ်ကိုသာရွေးချယ်မွေးမြူကြပါသည်။ ယခုလက်ရှိ မွေးမြူရေး အများဆုံးမွေးမြူသော ငါးမျိုးစိတ်မှာ ငါးမြစ်ချင်းနှင့် ငါးကြင်းကိုသာ မွေးမြူကြပါသည်။ တချို့သော ငါးမွေးတောင်သူများသည် ငါးတန်ကိုသာ တစ်မျိုးတည်း မွေးမြူကြသည်ကို တွေ့ရှိရပါသည်။ မိမိမွေးမြူထားသော ငါးသည် မည်သည့်ရေလွှာတွင် နေထိုင်ကျက်စားသည်ကို သိရှိရန် လိုအပ်ပါသည်။

               မွေးမြူရေးကန် ရေလွှာအလိုက် နေထိုင်ပြီး ၊ စားသောက်သောသဘာဝအစာမှာအောက်ပါအတိုင်းဖြစ် ပါသည်-

    ဇယား(၁)

               အထက်ပါဇယားအရ ငါးမြစ်ချင်း နှင့် ငါးကြင်းတွဲဖက်မွေးပါက သတိထားရပါမည်။ အကြောင်းမှာ ငါး မြစ်ချင်း နှင့် ငါးကြင်းသည် ရေအောက်တွင် နေထိုင်ကြသော ငါးမျိုးစိတ်များဖြစ်ကြပါသည်။ သို့သော်ငါးမြစ်ချင်း သည် ရေလယ်လွှာတွင်လည်း နေထိုင်နိုင်ပါသည်။ ထို့ကြောင့် ကန်အတွင်း ငါးများ ချောင်ချိ လွတ်လပ်စွာသွား လာနိုင်ရန်အတွက် ငါးသားပေါက်ထည့်သွင်းနှုန်းကို အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။

    ဇယား(၂)          

               တစ်ဧကတွင် မိမိထည့်သွင်းလိုသော ငါးအရေအတွက်ကို အထက်ပါနှုန်းထားအတိုင်း ထည့်သွင်းမွေးမြူပါက ငါးမြစ်ချင်း နှင့်ငါးကြင်းအတွက် အနေအထိုင်ကောင်းမွန်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
likes
6
comments
0
views
2495