မီးဖိုချောင်ထွက်ပစ္စည်းများမှ အလွယ်တကူ ရရှိနိုင်သော သဘာဝဆံပင်သန်ဆေးများ
(၁) ကြက်သွန်နီ
သင့်မီးဖိုချောင်ထဲက ကြက်သွန်နီသည်လည်း သင့်ဆံပင်အတွက် အထူးကောင်းမွန်သည်ကို မမေ့ပါနဲ့။ ကြက်သွန်နီကို အရည်ညစ်ကာ ဆံပင်နားသန်ထောင့် ပါးသောနေရာကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ခေါင်းလျော်ရည်အပျော့ဖြင့် လျှော်ပါ။ ကြက်သွန်နီတွင် ဆာဖာလ်ပါဝင်မှု များသောကြောင့် ဆံပင်ကျွတ်စေသော ပိုးမွှားများသေစေနိုင်သည့်အပြင် သွေးလည်ပတ်မှုကောင်းကာ ဆံပင်ပြန်လည်ထူလာနိုင်ပါတယ်။
(၂) လက်ဖက်စိမ်းခြောက်
လက်ဖက်စိမ်းခြောက်နှစ်ထုပ်ကို ရေနွေးဖြင့်ခပ်ပျစ်ပျစ်ဖျော်ပါ။ ပြီးနောက်အအေးခံကာ ဦးရေပြားနှင့် ဆံပင်တခုလုံး သုတ်လိမ်းပေးပါ။ မိနစ် ၃၀ အကြာ ရေဆေးချပါ။ လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဦးရေပြားဆဲလ်များ ပျက်ဆီးခြင်းကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းသော ဆံပင်များ ပြန်လည်ရရှိစေနိုင်ပါတယ်။
(၃) အားလူးပြုတ်ရည်
အရွယ်အနေတော်အားလူး ၂ လုံး အလုံးအတိုင်းကို ရေထဲထည့်ပြုတ်ကာ ရရှိလာသော အားလူးပြုတ်ရည်ကို အအေးခံပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျော်ပါ။ နောက်ဆုံးတွင် အဆိုပါ အာလူးပြုတ်ရည်နှင့် ခေါင်းလျော်လိုက်ပါ။ အားလူးတွင်ပါဝင်သော vit B; vit C ; ဇင့်နှင့် နာရာစင် တို့ကြောင့် ဆံပင်များ အာဟာရပြည့်ကာ ကျန်းမာသန်စွမ်းစေပါတယ်။
(၄) သံလွင်ဆီ
သံလွင်ဆီသည် အလှအပအတွက် အမျိုးမျိုးအဖုံဖုံအသုံးဝင်သော အဆီဖြစ်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို အပူပေးကာ ဦးရေပြားကို လိမ်းခြယ်နှိပ်နယ်ပေးပါ။ ဆံပင်နားသန်ထောင့်နေရာ အဓိကထားပါ။ ၁၅ မိနစ်ခန့် ပွတ်လိမ်းပေးပါ။ ထို့နောက် တနေကုန်ထားလိုက်ပါ။ အလုပ်မှအပြန် သံလွင်ဆီအနည်းငယ်နှင့် ထပ်မံပွတ်လိမ်းပြီးနောက် ရေအေးဖြင့်ဆေးချပေးပါ။ သံလွင်ဆီဖြင့် နှိပ်နယ်ပေးမှုကြောင့် ဆံပင်အမွှေးပေါက်များကို လှုံဆော်မူပေးကာ သွေးလည်ပတ်မူအားကောင်း၍ ဆံပင်များ ပြန်လည်ထူထပ်လာပါလိမ့်မယ်။ တစ်ပတ်လျှင် ၂ – ၃ ကြိမ်ပြုလုပ်ပါ။
(၅) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အသားကို ခြစ်ယူကာ ဆံပင်တစ်ခုလုံး သုတ်လိမ်းပေးပါ။ တစ်နာရီခန့် အကြာတွင် ခေါင်းလျှော်ရည်အပျော့ဖြင့် လျှော်ချလိုက်ပါ။ ရှားစောင်းလက်ပတ်တွင် ပါဝင်သော
ဆံပင်သန်စွမ်းစေသော ဗီတာမင် A; B; C နဲ့ E ကြောင့် ဆံပင်အာဟာရပြည့်ကာ ပြန်လည် သန်စွမ်းလာပါလိမ့်မယ်။ တစ်ပတ် ၃ – ၄ ကြိမ်ပြုလုပ်ပါ။
(၆) အုန်းဆီ
သဘာဝအုန်းဆီ အသုံးပြုသူနည်းလာသောကြောင့် အဆိုပါနည်းပါ ထည့်သွင်း ရေးသားလိုက်ပါတယ်။ အုန်းဆီကို အနည်းငယ်နွေးအောင်ပြုလုပ်၍ တစ်ခေါင်းလုံးရွှဲအောင် ပြုလုပ်ပေးပါ။ မိနစ် ၃၀ အကြာ ရေးဆေးချလိုက်ပါ။ အုန်းဆီတွင်ပါဝင်သော Fatty acid သည် ဦးရေပြား အားဖြည့်ကာ ဆံသားများပျော့ပြောင်း နူးညံ့စေပါတယ်။ ပိုးသေစေနိုင်သောကြောင့် ဆံပင်များ ကျန်းမာသန်စွမ်းစေပါတယ်။
အထက်ပါ လွယ်ကူသက်သာ ဘေးအန္တရာယ်ကင်းစေသော သဘာဝနည်းလမ်းများကို တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းမှုကို ပြန်လည်ရယူလိုက်ပါ။
Dr.ပြည့်ရှင်း ထံမှ ကိုးကားဖော်ပြသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း