မကွေးတိုင်း ဇူလိုင်လ ၉ ရက် မှ ဇူလိုင်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
- ဇူလိုင် ၉ ရက် နံနက်ပိုင်းမှစတင်၍ အားပိုကောင်းလာနိုင်သည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင်အနောက်တောင်မုတ်သုံလေဆက်လက်အားကောင်းနေပြီး အရှေ့ဘက်မှ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များ - အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားဝင်ရောက်မှုကို နှေးကွေးသွားစေနိုင်တာကြောင့် - တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး အရှေ့ဘက်မှလေပွေလှိုင်း/မိုးတိမ်များရွေ့လျားဝင်ရောက်လာမှ မိုးရတတ်သည့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများအနက်မှ မကွေးတိုင်းတွင်ရရှိနိုင်မည့် မိုးရေချိန်သည် ကြိုတင်ခန့်မှန်းထားသည်ထက်လျော့နည်းနိုင်ပြီး မိုးရွာနိုင်မည့်ရက်လည်း ရက်အနည်းငယ်မျှနောက်ဆုတ်နိုင်ပါတယ်။ - ဇူလိုင် ၉ ရက် မှ ၁၅ ရက်အတွင်း - - · မကွေးတိုင်းအလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းမှုနည်းနေနိုင်ပြီး၊ မြောက်ဘက်ပိုင်း ဆော၊ ပေါက်၊ မြိုင်နှင့် ဂန့်ဂေါဒေသများ၊ အရှေ့တောင်ဘက်မှ သရက်မြို့၊ တောင်တွင်းကြီးဒေသများ၊ မကွေးတိုင်းအနောက်ဘက်၊ ရခိုင်ရိုးမတောင်ခြေမှ မင်းတုန်း၊ ငဖဲနှင့် စေတုတ္တရာဒေသများတွင် မိုးရွာသွန်းမှုပိုမိုနိုင်ပါမယ်။ - · ရခိုင်ရိုးမတောင်ခြေဒေသအချို့မှာ လေတိုက်နှုန်း တစ်နာရီ ၇ မိုင်မှ တစ်နာရီ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး၊ မကွေးတိုင်း၏ ပျမ်းမျှလေထုဖိအား ၁၀၀၃ hPa ရှိနိုင်ပါမယ်။ - · အမြင့်ဆုံးနေ့အပူချိန် ၂၇°C မှ ၃၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၃°C မှ ၂၇°C ရှိနိုင်ပါမယ်။ - · မကွေးတိုင်းအတွင်း ပူပြင်းခြောက်သွေ့မှုရှိနေဆဲဖြစ်တာကြောင့် နေ့စဉ်လေထုစိုထိုင်းဆဖြစ်ပေါ်ကွာခြားမှုသည် ဒေသအလိုက် ၅၀% မှ ၁၀၀% အထိရှိနိုင်ပြီး ခံစားရသည့်အပူချိန် ၄၀°C အထိရှိနိုင်ပါမယ်။ - · မကွေးတိုင်း၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) ပျမ်းမျှခြင်းအားဖြင့် ၂၀ ဝန်းကျင်ခန့်ရှိပြီး CO (ကာဗွန်မိုနောက်ဆိုဒ် မီးခိုးငွေ့ဖြစ်ပေါ်မှုအခြေအနေ အန္တရာယ်ရှိသောအဆင့်အထိ မရောက်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးရာတွင် အထွက်နှုန်းသိသိသာသာ ထိခိုက်စေသော နှမ်းဖိုရောဂါကိုသတိပြုရပါမည်။ နှမ်းဖိုရောဂါလက္ခဏာမှာ နှမ်းပင်၏ပန်းဖြိုင်ဖြိုင်စပွင့်ချိန်တွင် တွေ့ရှိရသော်လည်း စတင်ကျရောက်တိုက်ခိုက်သည့်အချိန်မှာ နှမ်းပင် ၁၅ - ၂၀ ရက်သားဖြစ် သောကြောင့် နှမ်းဖိုရောဂါကြိုတင်ကာကွယ်ရန်အတွက် နှမ်းစိုက်ပြီး ၂ ပတ်မှစ၍ ပိုးသတ်ဆေး ပက်ဖျန်းပေးရန်လိုအပ်ပါသည်။ အကောင်ငယ်နှင့်အကောင်ကြီးများပါ အရွက်များ၏ အောက်မျက်နှာ ပြင်တွင်နေ၍ စုပ်စားဖျက်ဆီးကြသည်။ ဗိုင်းရက်စ်ရောဂါဖြစ်သည့်အတွက် လက္ခဏာပေါ်မှ ဆေးဖျန်းပါက နှမ်းဖိုရောဂါကိုမနှိမ်နင်းနိုင်ပါ။ - ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများမှာ- - စောစောစိုက်ခြင်းကို ရှောင်ကြဥ်ပါ။
- အခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- အပင်ငယ်စဥ်အချိန်တွင် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြစ်သော လန်ဒါဆိုင်ဟေလိုသရင် +အဆီတာပီပရစ်၊ ပိုင်မီထရိုဇင်း+ နိုင်တမ် ပိုင်ရမ် ၊ သိုင်ရာမီသိုဇမ်၊ ဖီနိုဗျူကပ်+ဆိုက်ပါမီသရင် များအားအသုံးပြုနှိမ်နင်းနိုင်ပါသည်။
 - ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက် - ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ - ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။ - အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။ - ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
