ကျန်းမာသန်စွမ်းသော ငါးသားပေါက်များ ရွေးချယ်မွေးမြူခြင်း
- ငါးမြန်မာစီမံကိန်းသည် ငါးမွေးတောင်သူများအား အစိမ်းရောင်ငါးမွေးမြူရေးဖြစ်စေရန်အတွက် ငါးသား ပေါက်များ ရွေးချယ်မွေးမြူရာတွင် မျိုးကောင်း မျိုးသန့် ငါးသားပေါက်များစုဆောင်းမွေးမြူရန်နှင့် ကျန်းမာသော ငါးသားပေါက်များရွေးချယ်မွေးမြူရန် ပညာပေးခြင်း၊ အလေ့အကျင့်ပြုလုပ်စေခြင်းကို ဆောင်ရွက်စေခဲ့ပါသည်။ - ငါးမွေးတောင်သူအများစုသည် ငါးသားပေါက်စခန်းများမှ မိမိတို့လိုအပ်သော ငါးမျိုးစိတ်ကို (၁)လက်မ မှ (၃)လက်မအထိ ငါးသားပေါက်များဝယ်ယူပြီး ကန်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါသည်။ မိမိဝယ်ယူခဲ့သော ငါးမျိုးစိတ် သည် မျိုးကောင်း မျိုးသန့်ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို လေ့လာစုံစမ်းခြင်းများ မရှိခဲ့ပါ။ ထို့အတူ အဆိုပါ ငါးသားပေါက်များကို ငါးသားပေါက်စခန်းများမှသယ်ယူပြီး၊ ကန်အတွင်းတိုက်ရိုက် ထည့်သွင်းခဲ့ကြပါသည်။ - အဆိုပါအပြုအမူ အလေ့အကျင့်များကြောင့် ငါးမွေးမြူရေးကာလအတွင်း ငါးသားပေါက် အသေအ ပျောက်များခြင်း ၊ ငါးများတွင်ရောဂါကျရောက်တတ်ခြင်း ၊ ငါးကြီးထွားမှုနှေးကွေးခြင်းများ ကြုံတွေ့ခဲ့ကြရပါ သည်။ ယနေ့အချိန်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း နှင့် ငါးစာကုန်ကျစရိတ်ကြီးမြင့်ခြင်းစသည့် စိန်ခေါ်မှုသည် ကြီးမားလာပါသည်။ အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် မိမိတို့မွေးမြူမည့်ငါး သားပေါက်များသည် မျိုးကောင်း မျိုးသန့် ဖြစ်စေခြင်း နှင့် ကျန်းမာသန်စွမ်းသော ငါးမျိုးဖြစ်စေရန်အရေးကြီးပါ သည်။ - ငါးသားပေါက်ထည့်သွင်းရာတွင် ငါးသားပေါက်အရွယ် (၁)လက်မမှ (၃)လက်မအထိထည့်သွင်းကြသည် က များပါသည်။ (၁)လက်မ (၁)လက်မခွဲ ငါးသားပေါက်များထည့်သွင်းပါက ရှင်သန်နှုန်းသည် (၇၅)ရာခိုင်နှုန်းသာရရှိ ကြပါသည်။ ကန်အတွင်းရှိ ရေအရည်အသွေး ၊အခြားသောငါးရိုင်းနှင့် သားစားငါးများအန္တရာယ် သည် ခံနိုင်ရည် နည်းပါးပြီး၊ အသေအပျောက်များနိုင်ပါသည်။ ထို့ကြောင့် ငါးသားပေါက်ထည့်သွင်းရာတွင် အနည်းဆုံး(၃)လက်မ မှ (၆)လက်မအထိထည့်သွင်းပါက ရှင်သန်နှုံးကောင်းမွန်ပြီး ၊ ငါရိုင်းနှင့်သားစားငါးများအန္တရာယ်လည်း ရှောင်ရှား နိုင်ပါသည်။ - မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်းစစ်ဆေးသင့်ပါသည်။ - (၁)ငါး၏ခန္ဓာပုံမှန်၊ မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။ - (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များ မကျိုးပဲ့စေရပါ။ - (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့ ရွေ့လျားကူးခတ်နေပါမည်။ - ငါး၏ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆား ဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
