cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒူးရင်းပင်ရဲ့ အကြီးမားဆုံးအန္တရာယ် Phytophtora ရောဂါ အကြောင်း

. ရောဂါ
ရောဂါလက္ခဏာအနေဖြင့် အရွက်ပေါ်တွင် အညိုရောင် ရေစိုပျောက်များ စတင်တွေ့ရှိခြင်း အပင်ပေါက်များတွင် ရံဖန်ရံခါတွေ့ရတတ်ပါသည်။ ထို့အပြင် အရွက်များ အဝါရောင်သန်းလာပြီး တဖြည်းဖြည်း ကိုင်းဖျားခြောက်လာခြင်း၊အပင်၏ အခေါက် သို့မဟုတ် အပင်ခြေပင်စည်တွင် အလည်တွင် ဆဲသေသည့် အနာများ သို့မဟုတ် အချိုင့်များ ရှိနေခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။
  • ဒူးရင်းစိုက်သူတောင်သူများ လွန်စွာကြောက်ကြတဲ့ ဒူးရင်းအသီးပုပ်၊ အမြစ်ပုပ်နှင့် ပင်စည်ပုပ်ရောဂါသည် Phytophtora palmivora ကြောင့်ဖြစ်ပွားသောကြောင့် ဒူးရင်း Phytophtora ရောဂါဟုခေါ်ဆိုကြပါသည်။ ဒူးရင်း Phytophtora ရောဂါသည် မြေဆောင်၊ ရေဆောင်နှင့် လေဆောင်အနေဖြင့် ပျံ့နှံသည့် ရောဂါဖြစ်တဲ့အတွက် အထူးဂရုစိုက် ကာကွယ်ရမည်ဖြစ်ပါသည်။ 

    ရောဂါလက္ခဏာအနေဖြင့် အရွက်ပေါ်တွင် အညိုရောင် ရေစိုပျောက်များ စတင်တွေ့ရှိခြင်း အပင်ပေါက်များတွင် ရံဖန်ရံခါတွေ့ရတတ်ပါသည်။ ထို့အပြင် အရွက်များ အဝါရောင်သန်းလာပြီး တဖြည်းဖြည်း ကိုင်းဖျားခြောက်လာခြင်း၊အပင်၏ အခေါက် သို့မဟုတ် အပင်ခြေပင်စည်တွင် အလည်တွင် ဆဲသေသည့် အနာများ သို့မဟုတ် အချိုင့်များ ရှိနေခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။ ရောဂါကျရောက်နေရာ ကိုင်းကို ဖြတ်တောက်ကြည့်ပါက ဆဲသေနေသည့် ဒဏ်ရာအချိုင့်မှ ရေစိုနာ ချွဲပြစ်ပြစ် ရွံ့ကဲ့သို့ အရာများ ထွက်လာမည်ဖြစ်သည်။ ပင်စည်ပုပ်ရောဂါအနေဖြင့် မိုးများပြီး စိုစွတ်သော အခြေအနေတွင် အဖြစ်များပြီး ဆဲသေကွက်များ ပင်စည်တွင် စတင်ဖြစ်ပေါ်လာပြီး ပင်စည်မှတဆင့် ကိုင်းကြီးများထိ ကူးစက်သွားတက်ခြင်း၊ အမြစ်ပုပ်အနေဖြင့် အမြစ်များ အညိုရောင်ပြောင်းသွားပြီး ပျော့သွားခြင်း၊ မရင့်မှည့်ခင် သို့မဟုတ် ရင့်မှည့်ပြီး အသီးပုပ်ရောဂါအနေဖြင့် အသီးပေါ်တွင် ရေစိုနာ အကွက်များ စတင်ဖြစ် ပေါ်လာပြီး တဖြည်းဖြည်းခြောက်ပြီး ကြီးလာကာ ညိုရင့်ရင့် သို့မဟုတ် အနက်ရောင် သို့ ပြောင်းသွားခြင်း၊ အသီး၏ ရေစိုနာအကွက်ပေါ်တွင် အဖြူရောင်မှိုမျှင်များ တွေ့ရမည် ဖြစ်ပြီး အသီးများ မရင့်မှည့်မီကြွေကျခြင်းများ ဖြစ်တတ်ပါသည်။ 

    ဒူးရင်း Phytophtora ရောဂါအား ကြိုတင်ကာကွယ်ရန် လိုက်နာရမည့် နည်းလမ်းများမှာ -  

    • ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးရန်၊ 
    • ရောဂါကင်းသော အပင်အစိတ်အပိုင်းမှ ကူးယူစိုက်ပျိုးရန်၊ 
    • ရေမဝပ်စေရန် ဘောင်မြင့်မြင့်ဖြင့်စိုက်ပျိုးရန်၊ 
    • ရေထုတ်မြောင်းများကို စနစ်တကျတည်ဆောက်ရန်၊ 
    • တစ်ပင်နှင့်တစ်ပင် အရွက်ထပ်ပြီး စိုစွတ်သည့် အခြေအနေကို ရှောင်ရှားနိုင်ရန် အရွက်အုပ်သောမျိုးများကို စိုက်ပျိုးပါက ပင်ခြားတန်ခြား ၈ မီတာပတ်လည် စိုက်ပျိုးစေပြီး အရွက်ပျံ့သောမျိုးများကို စိုက်ပျိုးရာတွင် ပင်ခြား တန်းခြား ၁၀ မီတာပတ်လည် စိုက်ပျိုးရန်၊ 
    • အပင်၏ အောက်ခြေကိုင်းများကို ခုတ်ထွင်ရှင်းလင်းပေးရန်၊ 
    • ကြက်ချေးကဲ့သို့သော သဘာဝမြေသြဇာများကို ထည့်ပေးရန်၊ 
    • ချဉ်သောမြေများတွင် အပင်နှင့် ၁ မီတာအကွာ အပေါ်ယံမြေမျက်နှာပြင်တွင် အနက် ၃၀ စင်တင်မီတာအတွင်း ထုံးထည့်ပေးရန်၊ 
    • ရောဂါကျရောက်နေသော အသီး သို့မဟုတ် ကိုင်းများနှင့် အပင်၏ အခြားအစိတ်အပိုင်းများအား ဖယ်ရှား မီးရှို့ရန်၊ 
    • ဇီဝနည်းဖြင့် နှိမ်နင်းလိုပါက ထရိုကိုဒါးမားမှိုကို အပင်ခြေ အပေါ်ယံမြေမျက်နှာပြင် ၃ပေ ပတ်လည် တူးဆွ၍ ထည့်သွင်းပေးရန်၊ 
    • ဓာတုနည်းဖြင့် ကော့ပါးပါဝင်သောဆေး နှင့် Metalaxyl တို့ကိုရောစပ်၍ အပင်ငယ်များဖျန်းခြင်း၊ အပင်ကြီးများအပင်ခြေပတ်ပတ်လည်လောင်းပေးခြင်း၊ ပင်စည်များအား သုတ်လိမ်းပေး ခြင်းများ ပြုလုပ်ပေးရန်၊ 
    • Potassium hydroxide နဲ့ Phosphoric acid တို့ကိုရောစပ်ကာ ဆေး ၁ ဆ နှင့် ရေသန့် ၁ ဆ တို့ကို အပင်ရွက်အုပ်ဧရိယာ အချင်း ၃ ပေစီတိုင်း ၁၅ စီစီနှုန်းဖြင့် ထိုးသွင်းပေးရန် တို့ဖြစ်ပါသည်။ 

    အောင်ဆန်း(စိုက်ပျိုးရေး) မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
3198