တောင်သူ့စကားသံအစီအစဉ်မှာ ပါဝင်ရင်း ဖုန်းဘေကံထူးကြမယ် 🧑🌾🧑🌾 📱📱
ထွက်တိုးမှ တောင်သူများအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ရန်၊ တောင်သူများ ထွက်တိုး အသုံးပြုရာမှာ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ပြီး တောင်သူများရဲ့ ရင်ထဲက စကားသံများကို ပြောကြားစေလိုတာကြောင့် ဒီအစီအစဥ် ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အစီအစဥ်မှာ ကံထူးရှင်ဖြစ်ဖို့ လုပ်ဆောင်ရမှာတွေကတော့ -
(၁) တောင်သူဦးကြီးများက ထွက်တိုးအသုံးပြုခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးများနဲ့ အကြံပြုချက်များကို ဒီပိုစ့်အောက်မှာ မှတ်ချက်ပေး/ ပြောပြပေးရမှာ ဖြစ်ပါတယ်။
(၂) မှတ်ချက်ပေးရာမှာ စိုက်ခင်းနောက်ခံနဲ့အတူ မိမိပုံကို ကြည်ကြည်လင်လင် ရိုက်ပြီး ပူးတွဲ မန့်ပေးရပါမယ်။
(၃) ပေးပို့လာတဲ့ ပုံများကို ထွက်တိုးမှ ထွက်တိုးတောင်သူအဖြစ် အသုံးပြုရာမှာ ခွင့်ပြုပေးနိုင်ရပါမယ်။
(၄) ထွက်တိုးကို အဆင့်သတ်မှတ်ပေးသွားဖို့လည်း မမေ့နဲ့နော်။ (ကြယ်ပွင့်ငါးပွင့်ဆိုရင် ဘယ်နှစ်ပွင့်ပေးချင်ပါသလဲ?)
ဒါဆိုရင်တော့ ဖုန်းဘေ တစ်သောင်း (၁၀၀၀၀) ကျပ် ကံထူးရှင်ဖြစ်ဖို့ အခွင့်အရေး ရှိသွားပါပြီ။ အစီအစဥ်ကာလ - ဇူလိုင် ၁၁ ရက်နေ့မှ စပြီး ဇူလိုင် ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။ မှတ်ချက်ပေးသောတောင်သူများထဲမှ ၅ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး
ကံထူးရှင်များကို ၂၈ ရက်နေ့တွင် ကြေငြာပေးသွားပါမည်ဖြစ်ပါတယ်။
ဒါ့ကြောင့် ထွက်တိုးအသုံးပြုခြင်းဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးများကို မိမိပုံနဲ့တကွ မှတ်ချက်ပေးရင်း ပျော်ပျော်ပါးပါး ပါဝင်ကြပါစို့လား ခင်ဗျာ။
ထွက်တိုးအသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။
#ထွက်တိုး
#တောင်သူ့စကားသံ
#ဓာတ်ပုံ
----
စိုက်ပျိုး၊မွေးမြူရေးအခက်အခဲများအတွက် ထွက်တိုးကောစင်တာ - ၀၉၉၇၇၉၁၀၀၀၀ ကို ခေါ်ဆိုမေးမြန်းနိုင်သလို ထွက်တိုးဖုန်းဆော့ဝဲရဲ့ “ဆွေးနွေးမယ်” ကနေ တစ်ဆင့် မေးမြန်းနိုင်ပါတယ်။ ထွက်တိုးမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များက အချိန်နဲ့တပြေးညီ ဖြေဆိုပေးသွားမည်ဖြစ်ပါတယ်။
!! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။
ထွက်တိုးရယူရန်လင့် - https://htwettoe.com/download
ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာ အဖြေရှာနည်း _ https://htwettoe.com/post/42799


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း