cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆီးဖြူသီးကိုစားရတဲ့အသီးလို့ကို မထင်မှတ်ထားတဲ့သူများ ဖတ်ကိုဖတ်သင့်သော ဆီးဖြူသီး၏ကောင်းကျိုးများအကြောင်း

. ကျန်းမာရေးဆောင်းပါးများ
ဆီးဖြူသီးက အအေးမိတာတိုက်ဖျက်ဖို့အတွက် စားသုံးပေးသင့်တဲ့ ရာသီစာအစားအစာပါပဲ။ ဆီးဖြူသီးက လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကို ထိခိုက်စေမယ့် ဆိုးကျိုးတွေကို လျော့ချပေးတဲ့ အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။
  • ဆီးဖြူသီးကို တစ်နှစ်ပတ်လုံး ရရှိနိုင် အောင် စီမံထုတ်လုပ်ထားတာတွေ စူပါမားကတ်တွေမှာ ရှိပေမဲ့ ဆောင်းရာသီမှာတော့ လတ်လတ် ဆတ်ဆတ် စားရပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးရဖို့အတွက် မှန်ကန်တဲ့နည်းနဲ့ အချိန်မှန်မှန် စားပေးဖို့တော့လိုပါတယ်။  

    ဆောင်းတွင်းဝင်နေပြီဖြစ်တဲ့အတွက် နည်းနည်းအေးလာပါပြီ။ ဆောင်းရာသီမှာ အအေးမိ၊ တုပ်ကွေးတင်မဟုတ်ပါဘူး။ အေးချမ်းတဲ့ရာသီဥတုကြောင့် နှလုံးရောဂါ၊ သွေးဖိအားများတာ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ခြေများပါတယ်။ လက်ရှိမှာလည်း လေထုညစ်ညမ်းမှုတွေ ဖြစ်နေတဲ့အတွက် ဆီးဖြူသီးကို စားပေးရင် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကာကွယ် ပေးရာရောက်ပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့ဂုဏ်သတ္တိတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ထိန်းပေးတဲ့အပြင် အသည်းမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ပါဝင်မှုမြင့်မားတာကြောင့် ဆီးဖြူသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သဘာဝအလျောက် အိုမင်း ရင့်ရော်မှုဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။ ဆီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာထက် ဒီအတိုင်းစားတာက ပိုကောင်းပါတယ်။ ဒီအသီးကို ဘာမှလုပ်စရာမလိုဘဲ ဒီအတိုင်းစားလို့ရတဲ့ သဘာဝအသီးပါပဲ။ ဒါပေမဲ့ ဆီးဖြူသီးပေါတဲ့အချိန်က ဆောင်းရာသီဖြစ်တဲ့အတွက် တခြားအချိန်တွေမှာလည်းရဖို့အတွက် ဆီးဖြူသီးယိုလုပ်ထားတာ၊ ဆေးထုတ်လုပ်ထားတွေလို နည်းအမျိုးမျိုးနဲ့ ပြုလုပ်ထားကြပါတယ်။ ဆောင်းရာသီအတွက် ရာသီစာအနေနဲ့ ဆီးဖြူသီးလည်း ပေါများလာတော့မှာဖြစ်တာကြောင့် တစ်နေ့တာ စားသုံးပေးသင့်ပါတယ်။  ဆီးဖြူသီးကနေ အကျိုးကျေးဇူးအများဆုံးရဖို့အတွက် မနက်ခင်းတိုင်း ဘာမှမစားခင် ဆီးဖြူသီးကို စားပေးသင့်ပါတယ်။ တစ်နေ့ကို မနက်ခင်းတိုင်း ဆီးဖြူသီး (၁) လုံးကနေ (၂) လုံးအထိ စားပေးလို့ရပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အတွက် (၂) လုံးထက်ပိုမစားသင့်ပါဘူး။ ပိုစားမိပါက ဝမ်းချုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝအောင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးသင့်ပါတယ်။ ဆီးဖြူသီးက သဘာဝအလျောက် ချဉ်ပြီး ခါးသက်သက်ဖြစ်တဲ့အတွက် လူတော်တော်များများက ဒီအတိုင်းစားတဲ့အခါမှာ နည်းနည်းအခက်အခဲဖြစ်ပါတယ်။ ဆီးဖြူသီးရဲ့ အချဉ်ဓာတ်နဲ့ ခါးသက်သက်အရသာကို လျော့ချဖို့ဆိုရင် ဆီးဖြူသီးကို လှီးလိုက်ပြီး ဆားအနည်းငယ်၊ ငရုတ်သီးမှုန့်တို့နဲ့ဖြူးစားလို့ရပါတယ်။ ဆီးဖြူသီးကို ဆား၊ နနွင်းတို့နဲ့အတူ ပြုတ်ပြီး သောက်ပေး လို့လည်း ရပါတယ်။ 

    ဆီးဖြူသီးက ကျန်းမာရေးနဲ့ညီညွှတ်ပေမဲ့ တချို့အခြေအနေတွေမှာတော့ မစားတာ အကောင်းဆုံးပါပဲ။ သွေးကျဲဆေးသောက်နေရသူ (သို့မဟုတ်) ခွဲစိပ်ကုသမှုခံယူရတော့မယ်ဆိုရင် ဆီးဖြူသီးကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနို့တိုက် နေတဲ့ မိခင်တွေလည်း ဆီးဖြူသီးကို ရှောင်ကျဉ်သင့်ပါတယ်။ 

    မြန်မာတိုင်းရင်းဆေးကျမ်းတွေမှာတော့ ဆီးဖြူသီးသည် ဝမ်းမီးကိုတောက်စေ၏။ အစာကို ကြေညက်စေ၏။ သုက်ကိုပွားစေ၏။ အသက်ကိုရှည်စေ၏။ အရွယ်ကိုပျိုစေ၏။ မှတ်ဉာဏ်ကို ကောင်းစေ၏။ အဖျားကိုနိုင်၏။ ဆီးအောင့်၊ ဝမ်းသက်ဝမ်းလျှော၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်တို့ကို ပျောက်ကင်းသာသာစေသည်။ ထို့ကြောင့် ရှေးဆရာတို့သည် (အသက်ရှည်ရသာရန) အသီးဟု ထူးခြားစွာဖော်ပြလေ့ရှိကြပါသည်။ 

    WL (ရိုးရာလေး) 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
7
comments
0
views
2222