မန္တလေးတိုင်း ဇူလိုင် ၁၈ ရက် မှ ဇူလိုင် ၂၄ ရက်အထိ မိုးလေဝသအခြေအနေ
- ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Depression 09W)သည် ဇူလိုင် ၁၈ ရက်၊ ည ၁၀ နာရီနောက်ပိုင်းမှစတင်ပြီး တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာတော့မှာဖြစ်ပါတယ်၊ နောက်ဆုံးရ ကြိုတင်ခန့်မှန်းချက်များအရ ဇူလိုင် ၁၇ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်မှ နောက်လာမည့် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်း(Tropical Storm-TS)အဆင့်ကို ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။ အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး တရုတ်ပြည်မ အနောက်တောင်ဘက် ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ မုန်တိုင်းအကြွင်းအကျန်တွေက လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွေအထိ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံအရှေ့ဘက်ဒေသတွေကို အစောဆုံးဇူလိုင်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာ စတင်ဝင်ရောက်လာနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။ - မန္တလေးတိုင်းအတွင်းကို ဇူလိုင် ၂၂ ရက်၊ နေ့လည်ပိုင်းမှာ စတင်ရောက်လာနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် - - မန္တလေးမြို့၊ တံတားဦး၊ မိတ္ထီလာ၊ သာစည်၊ သဲတော+ဝမ်းတွင်းနှင့် နေပြည်တော်အပါအဝင်မန္တလေးတိုင်းတောင်ပိုင်းက တပ်ကုန်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြစ်သား၊ စဉ့်ကိုင်၊ ကျောက်ဆည်စတဲ့မြို့နယ်တွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၃ လက်မ ခန့်(၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် - ဇူလိုင် ၂၃ ရက်နေ့မှာ မိုးရေချိန် အများဆုံး ၂.၅ လက်မခန့်)ရွာသွန်းနိုင်ပါမယ်။ - မန္တလေးတိုင်းမြောက်ပိုင်းမှ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ လက်ပံလှ၊ ဆည်တော်ကြီး၊ မတ္တရာနှင့် မန္တလေးတိုင်းအနောက်ဘက် မကွေးတိုင်းနယ်စပ်အနီးက ပုဂံ/ညောင်ဦး၊ ငါ့သရောက် မြို့နယ်တွေမှာ ၇ ရက်-မိုးရေချိန် ၅ လက်မခန့်(၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၇ လက်မခန့်)ရွာသွန်းပြီး၊ မိုးအသင့်အတင့်ရရှိနိုင်ပါမယ်။ - ယခုတစ်ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C၊ အနိမ့်ဆုံးညအပူချိန် ၂၆°Cနှင့် လေထုစိုထိုင်းဆ ၆၀% မှ ၉၀% ရှိပြီး၊ လေထုစိုထိုင်းဆမြင့်တက်နေချိန် ခံစားရသည့်အပူချိန် ၃၉°C အထိရှိနိုင်ပါမယ်။ - မန္တလေးတိုင်းအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI value) “၄၀” နဲ့ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု ၃၅၀ ppbv ရှိတာကြောင့် အန္တရာယ်ရှိနိုင်တဲ့အခြေအနေတော့ မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ဂန္ဓမာကျောက်ရောဂါ ကိုသတိပြု ကာကွယ်ပါ။ ရောဂါလက္ခဏာမှာ အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။ နောက်ပိုင်းမှာ အညိုရောင် ဆဲလ်သေကွက်များ အဖြစ်ပြောင်းသွားပါမယ်။ အောက်ဖက်မျက်နှာပြင်မှာ အညိုရောင် (သို့မဟုတ်) ပန်းရောင်အဖု လေးတွေကို တွေ့ရပါတယ်။ ဆိုးဝါးစွာ ကျရောက်ခဲ့ရင်တော့ အပင်ကညှိုးခြောက်ပြီးတော့ သေသွား ပါမယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - ပင်ကြွင်းပင်ကျန်များကို စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ပါ။
- ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။
- ရောဂါပြင်းထန်ပါက ဓာတုဆေးအနေဖြင့် ဆေးအနေနဲ့ကတော့ Azoxystrobin၊ Chlorothalonil၊ Iprodione၊ mancozeb၊ Propiconazole ၊ Thiophanate methyl၊ Hexaconazole ပါဝင်တဲ့ ဆေးအုပ်စုဝင်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။
 - ငါးစပါးတွဲဖက်မွေးမြူခြင်းအတွက် အကြံပြုချက် - ငါးစပါးဆောင်ရွက်ရာတွင် မိမိလယ်မြေကို ဘေးပတ်ပတ်လည် အကျယ်(၆)ပေနှင့် အနက်(၃) ပေတူးဖော်ပြီး၊ တူးဖော်ထားသောမြေများဖြင့် ပတ်လည်တွင် မြေဖို့ပေးပါ။ (၆)ပေအကျယ် ပတ်မြောင်းအတွင်း စပါးစိုက်ပျိုးနိုင်ပြီး၊ (၆)ပေအကျယ် မြောင်းအတွင်း ငါး/ ပုစွန်မွေးမြူခြင်းကို ဆောင်ရွက်ပါ။ (၆) ပေအကျယ် အပြင်ဘက်မြောင်းဘောင်းကို ရေမကျော်စေရန် မြေဖို့မြင့်ထားပြီး ၊ ရေသွင်းပေါက်တစ်ပေါက် နှင့် ရေထုတ်ပေါက် တစ်ပေါက်ကို မျက်နှာချင်းဆိုင် လယ်မြေကွက်၏ တစ်ဖက်တစ်ချက်တွင် ဆောင်ရွက်ပေးထား ရပါမည်။ လယ်မြေကန်အတွင်း လိုအပ်သောရေကို ရေသွင်း/ရေထုတ်ပေါက်မှ လိုအပ်သလို စီမံနိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
