မြေပဲစိုက်တောင်သူများ မြေပဲစွယ်ချချိန် လိုက်နာရမည့် အပင်ပြုစုနည်းလမ်းများ
- မြေပဲသီးနှံသည် ရေငတ်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးပြီး ၈ ပတ် မှ ၁၀ ပတ်အတွင်း ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ စွယ်ချပြီး သီးတောင့်ကြီးထွားချိန်တို့တွင် ရေအလိုအပ်ဆုံး ကာလများဖြစ်ပါသည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အစိုဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်း သည် မြေပဲသီးနှံ အထွက်တိုးစေနိုင်မည်ဖြစ်ပါသည်။ - မြေပဲစိုက်ချိန်နှင့် စွယ်ချချိန်တို့တွင် နိုက်ထရိုဂျင် မြေဩဇာထည့်သွင်းပေးခြင်းအားဖြင့် သီးတောင့် အရေအတွက်များစေပြီး မြေပဲအထွက်တိုးစေနိုင်ပါသည်။ ယူရီးယားမြေသြဇာကို တစ်ဧကလျှင် အိတ်ဝက်နှုန်းဖြင့် မြေပဲစိုက်ပျိုးချိန် သို့မဟုတ် စွယ်ချချိန်တို့တွင် ထည့်သွင်း ပေးသင့်ပါသည်။ မြေပဲစိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီး ရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။ - မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆန်ကျောက်မှုန့်ကို ထည့်သွင်းပေးခြင်းဖြင့် မြေပဲတောင့် ကြီးထွားချိန်တွင် လိုအပ်သည့် ကယ်လ်ဆီယမ်အားရရှိစေပြီး ဆီပါဝင်မှုများစေသည့် ဆာလ်ဖာဓာတ်ကို ရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျစ်ပဆန် ကျောက်မှုန့်ကို စိုက်ပြီး ၄၅ ရက်သားတွင် တစ်ဧကလျှင် ၄ အိတ် မှ ၅ အိတ်အထိ ထည့်သွင်းပေးသင့်ပါသည်။ သို့ရာတွင် ဂျစ်ပဆန်ကျောက်မှုန့် ထည့်သွင်းချိန်တွင် အစိုဓာတ် လုံလောက်ရန်လည်း အရေးကြီးပါသည်။ - မြေပဲစွယ်ချချိန်တွင် ရွက်ဖျန်းမြေသြဇာများအနေဖြင့်လည်း ဖော့စဖိတ်၊ ပိုတက်စီယမ်နှင် အခြားအနည်းလို အာဟာရများပါဝင်သော ရွက်ဖျန်းမြေသြဇာများကို အမိုင်နိုအက်ဆစ်နဲ့ တွဲစပ်၍ ပက်ဖျန်းပေးပါက အသီးအပွင့်များအားကောင်းစေပြီး အစေ့အစံများပိုမိုအောင်မြင်စေနိုင်ပါသည်။ - ------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
