cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဇူလိုင်လ ၂၄ ရက် မှ ဇူလိုင်လ ၃၀ ရက် မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း အနောက်ဘက်နှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးက ဒေသတွေမှာ မိုးရေချိန် ၆ လက်မ မှ ၁၂ လက်မအထိ ရရှိနိုင်ပြီး မိုးရေချိန်များနိုင်ပါတယ်။ ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၆ လက်မ မှ ၁ လက်မ အထက် မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။
  • ဇူလိုင် ၂၄ ရက် နံနက်အစောပိုင်းက စ ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စ တင်ဖြစ်ပေါ်ပြီး ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမယ်၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း/လေပွေလှိုင်းအနေနဲ့ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်မယ်လို့ သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model တွေအားလုံးက တပြေးညီခန့်မှန်းထားပါတယ်။ အနောက်တောင်မုတ်သုံလေဆက်လက်အားကောင်းနေဦးမှာဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုကြောင့် - 

    ဧရာဝတီတိုင်းမှာ ယခုတပါတ်အတွင်း ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၀ ရက်အထိ(၇ ၇က်အတွင်း)ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များမှာ - 

    ·          ဧရာဝတီတိုင်း အနောက်ဘက်နှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးက ဒေသတွေမှာ မိုးရေချိန် ၆ လက်မ မှ ၁၂ လက်မအထိ ရရှိနိုင်ပြီး မိုးရေချိန်များနိုင်ပါတယ်။ ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၆ လက်မ မှ ၁ လက်မ အထက် မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။ 

    ·          တောင်ဘက် ကမ်းရိုးတန်းဒေသတွေမှ မြောက်ဘက် အင်္ဂပူမြို့အထိဒေသတွေမှာ ဇူလိုင် ၂၇ ရက်အထိ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ၂၄ နာရီအတွင်း ရရှိနိုင်သည့်မိုးရေချိန် အများဆုံး ၀.၆ လက်မ ရှိနိုင်ပါတယ်။ ဇူလိုင် ၂၇ ရက် နောက်ပိုင်းရက်များမှာ နေသာချိန်များပြီး မိုးအားလျော့နည်းလာနိုင်ပါမယ်။ 

    ·          မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေထဲက ဖျာပုံခရိုင် ဒေါ်ငြိမ်းနဲ့ အုန်းပင်ရွာမှာ ဇူလိုင် ၃၀ ရက်အထိ မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းမြောက်ဘက် အင်္ဂပူမြို့ရဲ့အထက်ဘက်မှာတော့ မိုးရေချိန်ရရှိနိုင်မှု နည်းရာမှအလွန်နည်းနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန်က ၃၀°C အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆ ၈၀% နှင့် ၁၀၀% ကြားမှာရှိနိုင်ပြီး ခံစားရတဲ့အပူချိန် ၃၅°C ရှိနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 20 မှ 30 သာ ရှိနိုင်ပြီး လေထုညစ်ညမ်းမှုအခြေအနေကောင်းပါတယ် 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်                      

    • ဖြုတ်၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးနှင့် ဘက်တီးရီးယားရွက်ခြောက်ကျနေသော        စပါးစိုက်ခင်းများ အနေဖြင့် နိုက်ထရိုဂျင်(ပုလဲ) မြေဩဇာကိုအလွန်အကျွံမထည့်သွင်းဘဲ အကြိမ်ရေခွဲထည့်ပေးပါ။ 
    • စပါးပင် တစ်လသားကျော်ပြီဆိုပါက ပေါင်းသတ်ဆေးများအလွန်အကျွံဖျန်းတာမျိုး မပြုလုပ်သင့်တော့ပါ။ 
    • ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းတော့မည်ဆိုပါက ဆေးဖျန်းပြီး အနည်းဆုံး ၃ နာရီအတွင်းမိုးရွာနိုင်ချေရှိ၊မရှိ စစ်ဆေးပြီးမှ ဆေးဖျန်းခြင်းကိုလုပ်ဆောင်ပါ။ 
    • လေပြင်းတိုက်နေချိန်တွင် ဆေးမဖျန်းသင့်ပါ။ 
    • ကာကွယ်နှိမ်နင်းနည်းများအတွက် ကျရောက်နေသော ဖျက်ပိုး၊ ရောဂါလက္ခဏာပုံများကို ဓာတ်ပုံနှင့်တကွ “ထွက်တိုး” မှာမေးမြန်းဆွေးနွေးနိုင်ပါတယ်။ 

    ငါးသားပေါက်ပြုစုခြင်းအတွက် အကြံပြုချက် 

    ငါးသားပေါက်ပြုစုသူများအနေဖြင့် ငါးမှုန်မှ ငါးသန်အထိ မွေးမြူကြပြီး၊ ငါးသန်အဆင့်တွင် အရောင်းအဝယ် ပြုကြပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုမွေးမြူရာတွင် ငါးမှုန်ပြုစုကန်နှင့် ငါးသန်ပြုစုကန်ဟူပြီး ခွဲခြား ဆောင်ရွက်ကြပါသည်။ ငါးမှုန်ပြုစုကန်သည် ကန်အရွယ်အစားကြီးရန် မလိုအပ်ပါ။ (၀.၀၁)မှ (၀း၂၅) ဧက အရွယ်သာရှိရပါမည်၊ အဆိုပါကန်တွင် ငါးမှုန်များကို ငါးမှုန်ကြီးအဆင့် ပြုစုမွေးမြူရန်သာဖြစ်ပါသည်။ မွေးမြူမည့်ကာလအချိန်သည် (၁၅)ရက်မှ (၂၅)ရက် တစ်လနီးပါးသာ မွေးမြူရန်ဖြစ်ပါသည်။ ငါးမှုန်သားလောင်းများသည် နုနယ်ပြီး ရာသီဥတု ဒဏ်မခံနိုင်ကြသဖြင့် အထူးဂရုစိုက် ပြုစုရန်လိုအပ်ပါသည်။ ထို့ကြောင့် ကန်ပြင်ဆင်ခြင်းလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးလိုပါက ကောစင်တာ 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------- 

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။  


  • article
likes
6
comments
0
views
3110