မင်္ဂလာရှိတဲ့လလေး July

July လအတွင်းမှာတော့
ထူးခြားတဲ့မင်္ဂလာကိစ္စတွေ၊
ကြွယ်ဝချမ်းသာခြင်းတွေ၊
ဆုံးဖြတ်ချက်ခိုင်မာခြင်းတွေ၊
စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုတွေ၊
ရပ်ဆိုင်းထားတဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်မဲ့ မင်္ဂလာရှိတဲ့လလေးဖြစ်ပါမယ်ရှင်။
Cancer ♋️, Leo ♌️ လေးတွေအနေနဲ့လဲချစ်ခြင်းမေတ္တာနဲ့ပက် သက်တဲ့ကံကောင်းမှုတွေရရှိပါတော့မယ်။
July လအတွင်းမှာ မိမိရဲ့ကောင်းခြင်းဆိုးခြင်းတွေ၊ဆောင်ရန် ရှောင်ရန်တွေ ၊သတိထားစရာလေးတွေသိရအောင် -
.အရင်ဆုံးအသက်လေးဝဝရှူ
.ပုံလေးတွေကိုစ်ိတ်ထဲမှာမှတ်
.အဲဒီထဲကမှ မိမိအနှစ်သက်ဆုံးပုံလေးကိုရွေး
.ရွေးထားတဲ့ပုံလေးရဲ့အောက်မှာ အဖြေလေးကိုဖတ်ကြည့်ပေးနော်။
မေတ္တာများစွာဖြင့် ဖော်ပြခွင့်ပေးပါသော ဆရာမ လင်း ကို ကျေးဇူး အထူးတင်ရှိပါတယ်။
Healing Heart Tarot by Linn
#healinghearttarotbylin
----
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437

Pile 1-
အဟောင်းတွေကိုမေ့ပစ်ပြီး အသစ်ပြန်စဖို့သင့်တဲ့လပါ။
လုပ်ငန်းသစ်တွေ၊အကြံစည်သစ်တွေပေါ်လာပါမယ်။
ငွေများများဝင်ဖို့ရှိပါတယ်။
ငွေချေးငှါးတာ၊အာမခံတာ လုံးဝမပြုလုပ်သေးသင့်ပါ။
မိမိထက်အသက်ကြီးကဲသူနှင့် စကားငြင်းခုန်ရတတ်လို့ ဂရုစိုက်ပေးပါ။
ပညာရေးကံကောင်းပါမည်။
မိမိအကျိုးစီးပွါးလိုလားသောသူ နှစ်ယောက်ရှိမည်။
July လအတွင်းမှာ နာရေးလိုက်ပို့ခြင်းများမပြုလုပ်သင့်ပါ။
အလုပ်ထွက်ချင်စိတ်ပေါ်နေလျှင် ခနတော့သည်းခံပေးပါ။
မထင်မှတ်ထားတဲ့အခွင့်လမ်းတစ်ခုပေါ်လာမည်။
အနက်ရောင်နှင့်၁၃ ဂဏန်းရှောင်ပါ။
ရွှေရောင်၊အဝါရောင်အကျိုးပေးမည်။

Pile 2-
ဘာလုပ်လုပ်အောင်မြင်ပျော်ရွှင်ရမဲ့လလေးပါ။
စပ်တူလုပ်ငန်းများအောင်မြင်မည်။
ပညာထူးချွန်မည်။
အချစ်ရေး၊အိမ်ထောင်ရေး သာယာစိုပြေပါမည်။
ဒါပေမဲ့အိမ်ထောင်ရေးမှာ ဆွေမျိုးတွေကြောင့် စိတ်ကောက်ရတတ်သည်။
ကောင်းမွန်သော ပြည်တွင်း၊ပြည်ပ ခရီးတစ်ခုသွားရဖို့ရှိပါမည်။
လုပ်ချင်တဲ့အလုပ်မှန်သမျှ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပြီးသာလုပ်ပါ။
ငွေရေးကြေးရေး ၇ ဂဏန်း သတိထားပေးပါ။
ဘာရောင်ပဲဆောင်ဆောင် အကြံအောင်မည်။

Pile 3-
အနာဂါတ်အတွက်ရည်မှန်းချက်တွေ စတင်အကောင်ထည်ဖော်ဖို့အကောင်းဆုံးလပါ။
မိမိရည်မှန်းထားတဲ့အခွင့်လမ်းများ လက်ဝယ်ပိုင်ပိုင်ရရှိပါတော့မယ်။
တခုရှိတာက ဘယ်အရာမှစမလုပ်ခင်သေသေချာချာစဉ်းစားဆုံးဖြတ်ဖို့လိုပါမယ်။
ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ မရရအောင်အကောင်ထည်ဖော်ဖြစ်ပါလိမ့်မယ်။
အထူးသဖြင့် နိုင်ငံရပ်ခြားသွားဖို့ရာ သေချာဆုံးဖြတ်ဖို့သင့်ပါပြီ။
မိမိဆုံဖြတ်ထားတဲ့အပေါ်မှာ အကူညီပေးသူများပေါ်လာပါမည်။
အနီရောင်ဆောင်ပါ။

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း