ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပုသိမ်မြို့နယ် - သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေသာချိန်များ ပိုများလာပါမည်။ - မအူပင်မြို့နယ် - သြဂုတ်လ ၁၊ ၅၊ ၆ရက်နေ့အတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် ယခုတစ်ပတ်အတွင်း မိုးအားလျော့နည်းလာပါလိမ့်မည်။ - ကျိုက်လတ်မြို့နယ် - သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း နီးပါးရှိပါသည်။ - ဖျာပုံမြို့နယ် - သြဂုတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ မိုးရွာရန် ၈၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါသည်။ - ဘိုကလေးမြို့နယ် - သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိပြီး ၅ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်းရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။ - Source: Accuweather - --------- - မိုးစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ဖြုတ်က အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) ၊ စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနဲ့ ယူရီးယားပုလဲမြေဩဇာ အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။
- စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့လိုပါတယ်။
- ရေကို စိုတစ်လှည့်၊ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။
- ပုလဲနိုက်ထရိုဂျင်မြေဩဇာ (N) ကိုအလွန်အကျွံမထည့်ပါနဲ့။
- ပိုတက်ရှ်(K)မြေဩဇာကို အဓိကထည့်ပေးပါ။
- လေကြောင်းခွဲပေးပါ။
- ကျရောက်မှုနည်းရင် တမာဆီပြင်းအား ၃%ကို တစ်ဧက ၆လီတာနှုန်းသုံးပြီးဖျန်းနိုင်ပါတယ်။ ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole, Dinotefuran အဆင်ပြေရာကို ရေထုတ်ပြီးမှ ဖျန်းပေးပါ။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - · မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။ - · ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ - · ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။ - · ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
