မန္တလေးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
မန္တလေးမြို့
သြဂုတ်လ ၂ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ၅၊ ၆ ရက်တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။
မိတ္ထီလာမြို့နယ်
သြဂုတ်လ ၁၊ ၂ရက်နေ့အတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၆ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်း ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် နေသာပါလိမ့်မည်။
သာစည်မြို့နယ်
သြဂုတ်လ ၁၊ ၂ရက်နေ့အတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၆ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်း ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် နေသာပါလိမ့်မည်။
ညောင်ဦးမြို့နယ်
ယခုတစ်ပတ်အတွင်း မိုးရွာရန် ၄၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေသာနေပါလိမ့်မည်။
မြင်းခြံမြို့နယ်
သြဂုတ်လ ၆ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် နေသာချိန် များနေနိုင်ပါသည်။
Source: Accuweather
---------
မန္တလေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက်
မန္တလေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးရေးတွင် ငမြှောင်တောင်နှင့် သီးတောင့်ထိုးပိုး တို့အား ကာကွယ်နှိမ်နင်းပါ၊ ငမြှောင်တောင်သည် ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တို ရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။ လောက်ကောင် ကြီးလာပါကအရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ် စားသောက်သည်။
သီးတောင့်ထိုးပိုးသည် အဖူးအပွင့်ဝင်ချိန်မှ စတင်ကျရောက်၍ ပဲသီးတောင့်များကို ထိုးဖောက်၍ ဖျက်ဆီးစားသောက်သည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-
· မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။
· ပိုးများ ခိုအောင်းရာ ပေါင်းမြက်များရှင်းလင်းခြင်း၊
· ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊
· ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားခြင်း၊
· အဖူး၊ အပွင့်ဝင်ချိန်များတွင် Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb ကဲ့သို့သော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
· မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။
· ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
· ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။
· ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း