cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းတွင် အဓိကကျရောက်တတ်သောဖျက်ပိုးများ

. ပိုးမွှား
ခရမ်းခေါင်ညွန့်ထိုးပိုး လက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရသည်။ အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံလောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကိုတွေ့ရသည်။
  • (၁) ခရမ်းခေါင်ညွန့်ထိုးပိုး 

    • ခရမ်းစိုက်ခင်းတွင် ရာသီမရွေးကျရောက်တတ်ပြီး ပူအိုက်စိုစွတ်သော မေလ-စက်တင်ဘာလအပိုင်းအခြားတွင် ကျရောက်မှုပိုများတတ်သည်။ 
    • လောက်ကောင်အဆင့် ၅ ဆင့်လုံးတွင်ဖျက်ဆီးနိုင်ပြီး၊ လောက်ကောင်သက်တမ်းသည် နွေရာသီတွင် ၂ ပတ်ခန့်၊ မိုးနှင့်ဆောင်း (အပူချိန်လျော့ချိန်တွင်) ၃ပတ်ထိကြာတတ်သည်။ 
    • လောက်ကောင်သက်တမ်းကြာသည်နှင့်အမျှ သီးနှံကိုဖျက်ဆီးနိုင်သောကာလပိုကြာသည်။ 
    • အကောင်ကြီးအဆင့်- အပင်အညွန့်၊ အရွက်နုများ၏အောက်မျက်နှာပြင်၊ ရိုးတံအခြေနှင့် အဖူးတံအခြေတို့တွင် တစ်လုံးချင်းစီ ဥအုသည်။ 
    • လောက်ကောင်အဆင့် ၁-၃ သည် အပင်အညွန့်ပိုင်း၊ နုနယ်သောပင်စည်အစိတ်အပိုင်း၊ ရိုးတံများတွင်း ဝင်ရောက်စားသောက်ဖျက်ဆီးသည်။ 
    • လောက်ကောင်အဆင့် ၄ - သီးကင်းဝင်စခရမ်းသီးထဲသို့ ဝင်ရောက်စားသောက်သည်။ 
    • လက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရသည်။ အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံလောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကိုတွေ့ရသည်။ 
    • ဖျက်ပိုးပွားများမှုသည် ရာသီဥတုပေါ်မမူတည်ဘဲ တစ်နှစ်ပတ်လုံးပွားများနိုင်သည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    • ပိုးကျ၍ ညှိုးခြောက်နေသောခေါင်ညွန့်ကို ခြောက်နေသည့်ရိုးတံအဆုံးမှ ကပ်၍ဖြတ်ပါ။ 
    • စိုက်ခင်းတွင် အရွက်ခြောက်များ၊ ပေါင်းမြက်၊ အမှိုက်များကိုရှင်းလင်းပေးပါ။ 
    • စိုက်ချိန်ကိုချိန်ဆပါ။ 
    • ခရမ်းမျိုးရင်းမဟုတ်သော သီးနှံများဖြင့်သီးလှည့်စိုက်ပါ။ 
    • တမာပိုးသတ်ဆေး- စိုက်ခင်း ၂ပတ်သားမှစတင်ပြီး ၁၀ ရက်ခြားအသုံးပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။ 
    • မြေခံပိုးသတ်ဆေး - Fipronil 
    • အသီးကင်းဝင်ချိန်- Thiodicarb, Flubendiamide တစ်ကြိမ်ကြိုတင်သုံးနိုင်သည်။ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Profenofos, Lambda cyhalothrin, Chlorantraniliprole, Indoxacarb, Emamectin benzoate 

    (၂) မွှားပင့်ကူ 

    • အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ပြီး ပင်ရည်ကိုစုပ်ယူစားသုံးသောကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် သေးငယ်သောအစက်အပြောက်လက္ခဏာများကို တွေ့ရတတ်သည်။ 
    • မွှားပင့်ကူသည် အပူချိန်မြင့်ပြီးခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက်ပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များအဝါရောင်ပြောင်းသွားကာ ခြောက်ပြီး ကြွေကျသွားသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    • စိုက်ခင်းအစိုဓာတ်မပြတ်အောင် ဂရုပြုပါ။ 
    • ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာရှင်းပေးပါ။ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Abamectin, Cyrantraniliprole, Spirotetramat အဆင်ပြေရာသုံးနိုင်ပါတယ်။ 

    (၃) ပျ 

    • ဥမှပေါက်ခါစအကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်၊ ကိုင်းများမှ အပင်ရည်များကို အဓိကစုပ်ယူ စားသောက်ကြသည်။  
    • အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်တစ်လျှောက် အစုလိုက် နေထိုင်ဖျက်ဆီးသောကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရောင်မညီကွက်ကြားများဖြစ်ခြင်း၊ တွန့်ခြင်း၊ ခြောက်ခြင်းကိုတွေ့ရသည်။ 
    • Honeydew ထုတ်နိုင်သောကြောင့် ပုရွက်ဆိတ်များလာရောက်တတ်သည်။ 
    • ဆိုးရွားစွာကျရောက်ပါက အပင်ဖြစ်ထွန်းမှုကိုထိခိုက်စေပြီး အပင်ပုသွားသည်။ 

             ကာကွယ်နှိမ်နင်းနည်း 

    • ပျကျနေသော ကိုင်းများ၊အပင်များကိုဖယ်ရှားရှင်းလင်းပါ။ 
    • တမာဆီကိုကြိုတင်ပက်ဖျန်းပြီး ကာကွယ်နိုင်သည်။ 
    • စိုက်ခင်းလေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ပါ။ 
    • အပင်ခြေပေါင်းမြက်များရှင်းလင်းပေးပါ။ 
    • နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့။ 
    • အသုံးပြုနိုင်သော ဓာတုဆေးများ- Acetamiprid, Fipronil, Thiamethoxam, Fenoxycarb, Ethiprole, Spirotetramat  

    (၄) ကျိုင်း 

    • သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စားပြီး နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွားသည်။  
    • အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင်စွမ်းရှိပြီး အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့နိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းခြင်း 

    • စိုက်ခင်းတွင်း ပေါင်းမြက်ရှင်းပေးပါ။ 
    • စိုက်ခင်းစိုထိုင်းဆကို ချိန်ညှိပေးပါ။  
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Cypermethrin, Acetamiprid  

     (၅) ဖြုတ်စိမ်း 

    • အရွက်အောက်မျက်နှာပြင်တွင်ခိုကပ်နေပြီး ပင်ရည်ကိုစုပ်စားသည်။ 
    • လက္ခဏာအနေဖြင့် အရွက်အနားသတ်များတွင် အဝါရောင်အစက်အပြောက်များ စတင်ပေါ်လာပြီး ဆိုးရွားစွာကျပါက မီးလောင်ထားသကဲ့သို့ အညိုရောင်ပြောင်းပြီး ခြောက်သွေ့သွားသည်။ 
    • ၎င်းအပြင် အရွက်တွန့်လိမ်ခြင်း၊ ရောင်မညီကွက်ကြားဖြစ်သည့် Eggplant mottled dwarf virus (EMDV) လက္ခဏာကိုလည်းတွေ့ရသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    • စုပ်စားပိုးများကျရောက်ပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံမသုံးစွဲသင့်ပါ။ 
    • စိုက်ခင်းတွင်းလေဝင်လေထွက်ကောင်းစေရန် ပေါင်းများရှင်းပေးပါ။ 
    • ပင်ကြားစိပ်စိပ်မစိုက်ပါနဲ့။  
    • အသုံးပြုနိုင်သောဓာတုဆေးများ- Acetamiprid, Thiacloprid, Pymetrozine+ Nitenpyram, Dinotefuran 

    (၆) ယင်ဖြူ 

    • ပင်ရည်ကိုစုပ်စားသောဖျက်ပိုးဖြစ်ပြီး လက္ခဏာအနေဖြင့် အရွက်ပေါ်တွင် ရောင်မညီကွက်ကြားဖြစ်နေသည်ကိုတွေ့ရသည်။ 
    • အပူချိန်မြင့်ပြီး စိုက်ခင်းစိုထိုင်းဆများသောအခြေအနေတွင် အဓိကပွားများနှုန်းမြန်သည်။ 
    • ဖျက်ပိုးများကို အဓိကအားဖြင့်အရွက်အောက်မျက်နှာပြင်တွင်တွေ့ရပြီး ဥကိုလည်း အရွက်မျက်နှာပြင်တွင် အုကြသည်။ 
    • Yellow Mosaic Virus (YMV) ရောဂါကိုလည်း အဓိကသယ်ဆောင်ပြန့်နှံ့နိုင်သည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    • ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးပါ။ 
    • နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေသြဇာများကို အလွန်အကျွံမသုံးပါနဲ့။ 
    • စိုက်ခင်းစိုထိုင်းဆကို လျှော့ချပါ။ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Pymetrozine+ Nintepyram, Acetamiprid+ Lambda-cyhalothrin, Fipronil, Thiamethoxam, Chlorfenapyr, Pyriproxyfen  

    အိမ့်ဖြိုး  

    '✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
  • article
  • article
  • article
  • article
  • article
likes
17
comments
0
views
2983