ထပ်တရာပန်း (သို့) ချစ်တီးပန်း
- ဒါပေမယ့် လယ်သမားတစ်ယောက် ဘာကြောင့် ဒီလိုလုပ်သင့်တာလဲ။ စိုက်ပျိုးရေးဂေဟဗေဒကို အဘယ်အရာတွေက ဤမျှအထိ အစွမ်းထက်စေသလဲ။ - #ဒီအကြောင်းပြောကြရအောင်… - Agroecology သည် စိုက်ပျိုးနည်းစနစ်တခုသာမဟုတ်၊ ၎င်းသည် အတွေးအခေါ်တစ်ခုဖြစ်သည်။ သဘာဝတရားနှင့် ဆန့်ကျင်ဘက်မဟုတ်ဘဲ၊ ပုံမှာ ပြထားသည့်အတိုင်း ထပ်တရာကဲ့သို့သော အပင်များနှင့် ဟင်းသီးဟင်းရွက်များကို ရောနှောစိုက်ပျိုးသည့်အခါ သင့်ခြံကို လှပစေရုံသာမက ပိုးသတ်ဆေးတစ်စက်မှ မပါဝင်ဘဲ သင့်သီးနှံများကို ဖျက်ပိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် သဘာဝအကျိုးပြုပိုးများကို ဖိတ်ခေါ်နေပါသည်။ - #ထပ်တရာပန်းရဲ့ တန်းဖိုးဟာ... လှပတဲ့ ပန်းပွင့်ထက်ပိုတာ သင်သိပါသလား? - 🌼 ထပ်တရာပန်းသည် နီမတုပ် နှင့် ပျ ကဲ့သို့သော စိုက်ခင်းဒုက္ခပေးသော အင်းဆက်ပိုးမွှားများကို ဖယ်ရှားရန် ကူညီပေးသည်။ - 🌿 သီးညှပ်စိုက်ပျိုးခြင်းဖြင့် သီးနှံမျိုးကွဲများခြင်းသည် မြေဆီလွှာကျန်းမာရေးကို အားကောင်းစေပြီး စိုက်ပျိုးပင်များက ရောဂါများကို ပိုမိုခံနိုင်ရည်ရှိလာပါသည်။ - 🐝 ပျား၊ ပိတုန်းကဲ့သို့ ၀တ်မှုန်ကူးကောင်လေးများကို ဆွဲဆောင်ပေးသောကြောင့် စိုက်ပျိုးပင်များသည် သဘာဝအတိုင်း အထွက်နှုန်းကို တိုးစေပါသည်။ - 🌍 ဒါတွေအားလုံးထက် ပိုသာတာကတော့... - မင်းဟာ လူတွေနဲ့ ကမ္ဘာမြေအတွက် ပိုမိုကျန်းမာစေတဲ့ အသီးအနှံ(အစားအစာ)တွေကို စိုက်ပျိုးနေတာပါဘဲ။ - 🌼 ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတွင် အားကောင်းသည့် မဟာမိတ်ပင် ဖြစ်သည်။ - 💡 စိုက်ပျိုးရေးတွင် အကျိုးကျေးဇူးများ - - 👉 သဘာဝ ပိုးမွှားသတ်ဆေးအဖြစ် လုပ်ဆောင်သည်။ - 👉ဝတ်မှုန်ကူးကောင်လေးများကဲ့သို့ အကျိုးပြုအင်းဆက်များကို စိုက်ခင်းသို့ ဆွဲဆောင်နိုင်သည်။ - 👉သီးလှည့်စိုက်စနစ်တွင် အသုံးပြုခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေသည်။ - 👉 အော်ဂဲနစ်ပိုးသတ်ဆေးများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ - ✅ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဥယျာဉ်များတွင် သီးညှပ်စိုက်ခြင်းနှင့် စိုက်ဘောင်များပေါ်တွင် စိုက်ထားခြင်းအတွက် အထူးသင့်လျော်ပါသည်။ - #သင့်စိုက်ပျိုးခြံမှာ ထပ်တရာပင်များကို ရောနှောစိုက်ပျိုးခြင်းဟာ... - ကျွန်ုပ်တို့၏ စိုက်ပျိုးမြေဆီလွှာ ကျန်းမာရေးနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကို ကာကွယ်ရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးစနစ်ကို ဖော်ဆောင်ပေးသည့် လုပ်နည်းစဉ် တခုဖြစ်သည်။ - #ဒါကြောင့် မိမိ ကိုယ့်ကိုယ်ကို မေးကြည့်ပါ- “ငါက သဘာဝနဲ့ စိုက်ပျိုးနေတာလား၊ သဘာဝကို တိုက်ခိုက်နေတာလား”...ဆိုတာ..။ လယ်ယာသီးနှံဂေဟဗေဒစနစ်ဟာ သင့်လယ်ယာလိုအပ်ချက်ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ နည်းစနစ်ကောင်း တခု ဖြစ်ပါတယ်။ - ဘာသာပြန်ဆိုသူ - နွယ်အေး - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
