ထွက်တိုးကို တောင်သူတွေ ဘာကြောင့် စွဲစွဲမြဲမြဲ အသုံးပြုသင့်တာလဲ
- စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ တောင်သူများအနေနဲ့ လုပ်ငန်းခွင်မှာ အခက်ခဲတွေ၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ စဉ်ဆက်မပြတ်ရှိနေနိုင်ပါတယ်။ ဒီလိုအခက်ခဲ အကြောင်းအရာတွေရှိလာပြီဆိုရင် ပညာရှင်တစ်ယောက်ကို တမ်းတမိနေနိုင်ပါတယ်။ - ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ဖုန်းထဲမှာ ထွက်တိုး ဆော့ဝဲလ် လေးရှိရုံနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်တစ်ယောက် ကိုယ့်ဘေးနားမှာ ခေါ်ထားသလို အကျိုးရှိနိုင်မှာ အသေချာပါဘဲ။ အပြောကြီးလိုက်တာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သံသယရှိရင်... ထွက်တိုး ဆော့ဝဲလ်ထဲကို ဝင်ကြည့်လိုက်ပါ... - စိုက်ရာသီတလျှောက် အမြဲသုံးပြုနေတဲ့ တောင်သူကြီးများ သိန်းပေါင်းများစွာ ရှိနေတာကို မြင်တွေ့နိုင်မှာပါ။ ဘာကြောင့် တောင်သူတွေ အသုံးပြုနေလဲဆိုရင် အကြောင်းရင်းများစွာရှိနေပါတယ်... - (၁) ထွက်တိုးကောစင်တာကို ဖုန်းခေါ်ဆိုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အခက်အခဲများကို ပညာရှင်နဲ့ တိုက်ရိုက် မေးမြန်း ဆွေးနွေးနိုင်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ စိတ်ရှည်စွာနားထောင်ပြီး တိကျတဲ့ ဖြေရှင်းနည်းလမ်းများကို အချိန်ကုန်သက်သာစွာ သိရှိစေနိုင်ပါတယ်။ - (၂) တောင်သူများ စိုက်ပျိုးစရိတ်များလိုအပ်ပါက ချေးငွေအဖွဲ့အစည်းများနဲ့လည်း ချိတ်ဆက်ပေးပြီး အဆင်ပြေစေနိုင်ပါတယ်။ - (၃) ထွက်တိုးရဲ့ “ဆွေးနွေးမယ်”ကဏ္ဍမှာလည်း ကြုံတွေ့နေရတဲ့ စိုက်ခင်းပြဿနာများကို အပင်လက္ခဏာပုံနဲ့တကွ ပို့စ်တင်ပြီး ဆွေးနွေးနိုင်ပါတယ်။ - (၄) တောင်သူများသာမက သီးနှံရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်များအနေနဲ့လည်း သီးနှံဈေးကွက်များကို နေရာဒေသအလိုက် အချိန်နှင့်တပြေးညီ သိရှိနိုင်ပါတယ်။ - (၅) မိုးလေဝသအမှီပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ဆောင်နေရတဲ့ တောင်သူများအတွက် မိုးလေဝသ ခန့်မှန်းချက်တွေနဲ့အတူ စိုက်ပျိုးရေး မွေးမြူရေးအကြံပြုချက်တွေကိုလည်း တိုင်းဒေသကြီးအလိုက် အပတ်စဉ်အကြံပြုတင်ပြပေးနေပါတယ်။ - (၆) ငါး၊ ပုစွန်မွေးမြူသူများအတွက် အစာအလေအလွင့် နည်းပြီး ထိထိရောက်ရောက် ကျွေးနိုင်ရန်အတွက် “ငါးစာတွက်ချက်နည်း”ကဏ္ဍတခု ဖော်ဆောင်ပေးထားပါတယ်။ မိမိကိုယ်တိုင် ဆော့ဝဲလ်ထဲ ဝင်ရောက်ပြီး နေ့စဉ်ကျွေးရမယ့်နှုန်းထားကို တွက်ချက်နိုင်ပါတယ်။ - (၇) ရာသီအလိုက်၊ ဒေသအလိုက်သင့်တော်တဲ့ သီးနှံအမျိုးအစားတွေကို ရွေးချယ်တဲ့နေရာမှာလည်း အသုံးတည့်စေပါတယ်။ - (၈) နေ့စဉ်၊ အပတ်စဉ်ဉာဏ်စမ်းများ ဖြေဆိုရင်း ဗဟုသုတတိုးပွားနိုင်ပါတယ်။ ဒါ့အပြင် တောင်သူအများ ပြုံးပျော်စေနိုင်ရန်အတွက် ဉာဏ်စမ်းမေးခွန်းများဖြေဆိုရင်း ဖုန်းဘေေလ် ကံထူးနိုင်တဲ့ အစီအစဉ်လေးတွေလည်း ရှိပါတယ်။ - (၉) ထွက်တိုးမှ ပညာရှင်များကိုယ်တိုင် ကွင်းဆင်းပြီး တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများလက်တွေ့ကြုံတွေ့နေရတဲ့အခက်ခဲများကို ကူညီဖြေရှင်းပေးနေပါတယ်။ - ကဲတောင်သူဦးကြီးတို့ရေ ဒီလို အကျိုးကျေးဇူးတွေကို အခမဲ့ ငွေကြေး မကုန်ဘဲ ခံစားနိုင်တဲ့ ထွက်တိုး ဆော့ဝဲလ်ရှိနေမှတော့ ဘာများလိုအပ်သေးလဲဗျာ ......... - ဇာနည် - ထွက်တိုး - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
