စပါးနီတိုဖြစ်ခြင်း သို့ စပါးသံဓာတ်အဆိပ်သင့်ခြင်းအား ကာကွယ်ကုသနိုင်စေရန်
- စပါးနီတိုဖြစ်စေရသော အကြောင်းအရင်းများမှာ လယ်မြေတွေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ခြင်း၊ မြေဆီလွှာအောက်တွင် မပုပ်မဆွေးသော အပင်အကြွင်းအကျန်များ ရှိနေခြင်း၊ အပင်အကြွင်းအကျန်များ မဆွေးမြေ့ခင် တမန်းညှိသောအခါ မြေအောက်တွင် ရှိသော မြေချဥ်များ တက်လာပြီး အပင်အားထိခိုက်ခြင်း၊ ဆာလဖာဓာတ်များရှိခြင်း၊ သစ်ဆွေးဓာတ် များပြားခြင်း၊ မြေဆီလွှာတွင် သံဓာတ်ပါဝင်မှု များပြားခြင်း၊ မစိုက်ခင် အကြိမ်ကြိမ် ထွန်ယက်ပြုပြင်ခြင်းကြောင့် တမန်းအတွင်း ကျွံကာ စပါးပင်အမြစ်များ အောက်စီဂျင်မရသဖြင့် အမြစ်ပုပ်ခြင်း၊ အပေါ်ယံ မြေသားပါးပြီး အောက်ခံမြေတွင် ဂဝံလွှာရှိခြင်း စသည့် အခြေအနေများကြောင့် စပါးနီတို ဖြစ်ပေါ်လာရပါတယ်။ - စပါးနီတိုဖြစ်ခြင်းအား ကာကွယ်ရန်လုပ်ဆောင်ရမည့် အချက်များမှာ ပထမဦးစွာ မိမိမြေရဲ့ မြေချဥ်ငံကိန်းကိုသိရှိစေရန် နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံ မြေနမူနာပေးပို့၍ စစ်ဆေးကြည့်ပါ။ စိုက်ကွက်အတွင်းမှ ရေတစ်ပတ်လောက်ထုတ်ပေးခြင်းဖြင့် ရေပြန်သွင်းသည့်အခါ စိုက်ကွက်တွင် လေရရှိကာ စပါးပင်အတွင်း ဝင်ရောက်နိုင်သည့် သံမှုန်များ မFe++ ကို အခဲ Fe+++ပြန်ဖြစ်စေပါတယ်။ ရေထုတ်ပြီး တစ်ပတ်မှ ၁၀ ရက်အကြာ မြေဖန့်ပါက ရေပြန်သွင်းပြီး လိုအပ်မည့်အာဟာရများ ပြန်ဖြည့်တင်းပေးနိုင်ပါသည်။ ရေထုတ်ရန်မလွယ်ကူသော စိုက်ကွက်များတွင် (K) ပါသော ဓာတ်မြေသြဇာ နှင့် ကယ်လ်စီယမ် (Ca) ပါသော ဂျစ်ပ်ဆန်(ကျောက်မှုန့်) ဓာတ်မြေသြဇာ များကို ထည့်ပေးခြင်းအားဖြင့်လည်း ကုသနိုင်ပါတယ်။ စပါးပြီးစပါးစိုက်ပျိုးနေသည့်အခင်းများမှာ ပိုမို ဖြစ်ပေါ်တတ်သောကြောင့် သီးလှည့်စိုက်ပျိုးခြင်း၊ နွေထယ်ရေးလှန်ထားခြင်းများ လုပ်ဆောင် ပေးနိုင် ပါတယ်။ သံဆိပ်သင့်နေသော စပါးခင်းများတွင် နိုက်ထရိုဂျင်ပါဝင်သော မြေသြဇာများ နှင့် သဘာဝ မြေသြဇာများ အသုံးပြုမှုကို ရှောင်ရှား ရပါမည်။ စပါးပင်နီတိုဖြစ်ခြင်းမှ သက်သာလာပြီး အမြစ်များ ပြန်လည်ကောင်းမွန်လာပြီးဆိုပါက အပင်နလန်ထူးမြန်စေရန်အတွက် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာ အချိုး မျှတစွာ ပါဝင်သည့် မြေဩဇာကို အသုံးပြုပေးသင့်ပါတယ်။ - ကြိုတင်ကာကွယ်သည့်အနေဖြင့် မစိုက်ပျိုးခင် မြေပြုပြင်ချိန်တွင် ပိုတက်ရှ်နှင့် တီစူပါ မြေသြဇာများအား ထည့်၍ပြင်ပေးမည်။ စက်ဖွဲပြာမှာ ပိုတက်ရှ်ဓာတ်ပါရှိတာကြောင့် ဝယ်ယူရ လွယ်ကူပါက မြေပြင်ချိန်တွင်ထည့်ပေးပါ။ စပါးငယ်စဥ်မှာ နီတိုဒဏ်ကို မခံနိုင်တာကြောင့် တိုက်ရိုက် အစေ့ချချစိုက်ခြင်းနှင့် ကြဲစိုက်ခြင်းများရှောင်ကြဥ်ပါ။ ပြောင်းရွှေ့စိုက်ရာတွင်လည်း ပျိုးသက် ၃၀ ထက်မနည်းစေဘဲ ပြောင်းရွှေ့စိုက်ပျိုးပေးရန်လိုအပ်ပါသည်။ အထက်ပါအချက်အလက်များအား စပါးနီတို ဖြစ်ပေါ်စေခြင်းအတွက် ဗဟုသုတရစေရန်ရည်ရွယ်၍ ဖော်ပြလိုက်ရပါတယ်။ - တောင်သူကြီးဆောင်းပါး၊ နှင့် ကိုရဲ - စိုက်ပျိုးရေး ဆောင်းပါးများမှ ကောက်နှုတ်ဖော်ပြသည်။ - ------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
