cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပင်စိမ်းစိုက်နည်း

. စိုက်ပျိုးနည်းစနစ်များ
ပင်စိမ်းစိုက်နည်း
  • article
  • ပင်စိမ်းစိုက်နည်းဒီတပတ် တင်ပြပေးမဲ့ သီးနှံကတော့ ပင်စိမ်းစိုက်ပျိုးနည်းဘဲ ဖြစ်ပါတယ်ရှင်။ပင်စိမ်းကို ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုလျက်ရှိကြပါတယ်။ ပင်စိမ်းမှာလည်း အမျိုးအစားတွေ ကွဲပြားပါသေးတယ်။ Asian Basil ၊ Lemon Basil ၊ Holy Basil ဆိုပြီးတော့ လူသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ Lemon လို့ ခေါ်တဲ့ အမျိုး အစားကိုတော့ အသုံးများတာ တွေ့ရပါတယ်။ အဓိက အသုံးပြုကြတာကတော့ အရွက်နဲ့ အစေ့ပါ။


    မတ်လ ၊ ဧပြီလတွေမှာ အဖူးတွေ ဖူးတတ်ပါတယ်။ မြန်မာ တိုင်းရင်းဆေး ဖော်ရာမှာလည်း အသုံးပြုကြလေ့ရှိပီ း ဒီအတိုင်း စားရင်လည်း ကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။ ပင်စိမ်းနဲ့ ရောဂါလေးဆယ ်ဆိုပြီးတောင် ပြောစမှတ် ပြုကြပါသေးတယ်။


    မြေအမျိုးအစားမြေ အမျိုးအစားမရွေး ပေါက်ရောက် နိုင်ပါတယ်။ ရေစီးရေလာ ကောင်းမွန်သော မြေမျိုးတွင် စိုက်ပျိုး သင့်ပါသည်။ ရေဝပ်သော မြေမျိုးတွင် စိုက်ပျိုးပါက ပင်ခြေပုပ်ပီး တခြားသော ရောဂါများဝင်လာနိုင်ပါတယ်။


    ရာသီဥတုစိုစွတ်ပီးမိုးများသော ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ နှင်းရိုက်ခြင်းနှင့် ပူပြင်းခြောက်သွေ့သော ဒဏ်ကိုလည်း အတော်အသင့်ခံနိုင်ရည်ရှိပါတယ်။အရိပ်အောက်တွင် စိုက်ပျိုးလျှင်တော့ အပင်ကြီးထွားမှုမှာ နှေးကွေးသည်။ မြန်မာနိုင်ငံမှာတော့ နေရာအတော်များများမှာ ပေါက်ရောက်ပြီး အပူပိုင်းမှာ ပိုပြီး ဖြစ်ထွန်းတာ တွေ့ရပါတယ်။


    စိုက်ပျိုးခြင်းအစေ့မှအများဆုံး စိုက်ပျိုး ဖြစ်ထွန်းသည်။ ပျိုးဘောင်ဖြင့် စိုက်ပျိုးပီး ဖေဖော်ဝါရီ တတိယပတ်မှာ စတင်ဘောင်ပြုလုပ်ပီး ဧပြီလလယ်တွင် ပြောင်းရွေ့စိုက်ခြင်းကို အပြီးဆောင်ရွက်လေ့ရှိပါတယ်။၁၅ × ၄× ၉ ပေ ဖြင့် ဘောင်ပြုလုပ်လေ့ရှိသည်။ တစ်ဧကလျှင် မျိုးစေ့ ၇၀ - ၁၀၀ အသုံးပြုသင့်ပါတယ်။ မျိုးစေ့ကို မြေအနက် ၂ စင်တီမီတာတွင် စိုက်ပျိုးပီး မျိုးစေ့ပေါ်မှ နွားချေးနှင့် သဲဖြင့် ရောပီး ဖုံးအုပ်ပါ။ ပီးနောက် အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။ စိုက်ပျိုးပီး ၆ ပတ်ခန့်ကြာလျှင် ( ၄ - ၅ရွက်ထွက် လျှင် ) ပြောင်းရွှေ့စိုက်ပျိုးရန် သင့်တော်သည်။ပြောင်းရွှေ့မစိုက်ခင် ၁၅ - ၂၀ ရက်ခန့် အလိုတွင် ယူရီးယား ၂ %ကို အရည်ဖျော်ပီး အပင်ပေါ်သို့ ဖျန်းပေးနိုင်ပါတယ်။


    မြေသြဇာ ကျွေးခြင်းနွားချေး မြေဆွေးနှင့် ယူရီးယား ဓာတ်မြေသြဇာများ အဓိက ကျွေးရန် လိုအပ်သည်။ သို့သော် မြေတွင် အခြား ဓာတ်မြေသြဇာများ ချို့တဲ့နိုင် သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ် တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ် ထည့်ပေး ရမည်။ အပင်ငယ် များပေါက် လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယား မြေသြဇာ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရေလေးဂါလံတွင် ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသော အပင်များကို ရရှိနိုင်သည်။


    ရိတ်သိမ်းခြင်းစိုက်ပီးရက် ၉၀ - ၉၅ တွင် စတင်ခူးဆွတ်နိုင်ပီ ဖြစ်ပါတယ်။

    Reference - www.researchgate.net


likes1comments0
views58