စပါးပင်ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းနည်း
- ပုံမှန်အားဖြင့်တော့ စပါးပင်ငယ်စဉ်မှာဆိုရင် စပါးရွက်ရဲ့ ရွက်ဖျား၊ ရွက်နားလေးတွေမှာ ရေစိုနာဖြစ်နေတာကို တွေ့ရမှာပါ။ - ပြီးရင်တော့ စပါးရွက်တွေ ခြောက်ပြီးတော့ ညှိုးသေတာကို တွေ့ရပါမယ်။ - ပင်ပိုင်းကြီးထွားချိန်ရောက်ရင်တော့ အရွက်တွေခြောက်လာတာကိုတွေ့ရမှာဖြစ်ပြီး သိသာစေတဲ့ အချက်ကတော့ အရွက်ရဲ့အတွင်းပိုင်းမှာ လိုင်းတွန့်ပုံသဏ္ဍာန်ကိုတွေ့မြင်ရပါတယ်။ နံနက်ခင်းစောစော နှင်းကျချိန်တွေမှာ ဘက်တီးရီးယားတွေဟာ စိမ့်ထုတ်ရည်ထုတ်လေ့ရှိတာမို့ နေပွင့်လာရင် အရွက်ပေါ်မှာ ပုလဲလုံးလေးလို မြင်တွေ့ရတတ်ပါတယ်။ - ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါဖြစ်တာမို့ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight – BLB) လို့ခေါ်ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် အပင်ကြီးထွားချိန်မှာ စတင်ဖြစ်ပေါ်လေ့ရှိပြီးတော့ စပါးအနှံထွက်ချိန်၊ ရင့်မှည့်ချိန်တွေထိ ရောဂါပြင်းထန်လေ့ရှိပါတယ်။ - ဘက်တီးရီးယားရွက်ခြောက်ရောဂါဟာ ရောဂါဒဏ်မခံနိုင်တဲ့ စပါးမျိုးတွေစိုက်လို့ လည်း ဖြစ်နိုင်ပါတယ်။ - နောက်ပြီး စပါးပင်တွေစိပ်လွန်းရင်လည်း ရောဂါကျရောက်နိုင်ပါတယ်။ မိုးစပါးမှာဆိုရင် လေပြင်းတိုက်ခတ်တဲ့အခါ မှာ စပါးပင်တွေအချင်းချင်း ပွတ်တိုက်ရာ ကနေ ဖြစ်လာတဲ့ ဒဏ်ရာတွေကနေတစ်ဆင့် ဘက်တီးရီးယားများ ဝင်ရောက်ပြီးတော့ ရောဂါဝင်နိုင်ပါတယ်။ - စပါးဆက်တိုက်စိုက်တဲ့ လယ်မြေတွေမှာဆိုရင် ရောဂါကျရောက်နိုင်ခြေ ပိုများပါတယ်။ စပါးခင်းရေကြီးခြင်း၊ ရေလွှမ်းခံရခြင်းတို့မှလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ - နောက်ပြီးတော့ အာဟာရ ဓါတ်မျှတစွာမရရှိတဲ့စိုက်ခင်းနဲ့ နိုက်ထရိုဂျင်ဓါတ်မြေဩဇာ လွန်ကဲစွာအသုံးပြုတဲ့ စိုက်ခင်းတွေမှာလည်း ရောဂါဖြစ်နိုင်ခြေများပါတယ်။ - ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများ အနေနဲ့ကတော့ - (၁) ရောဂါဒဏ်ခံနိုင်သောမျိုး၊ရောဂါကင်းသောမျိုးကိုအသုံးပြုပါ - (၂) မြေခံတွင် ပိုတက်ချ်နှင့် တီစူပါကိုထည့်ပေးပါ။ - (၃) အာဟာရမျှတစွာကျွေးပါ၊ နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။ - (၄) ကောက်ပင်များကို စိပ်စိပ်စိုက်ခြင်းမှရှောင်ကျဉ်ပါ - (၅) ပေါင်းမြက်များကို နှိမ်နင်းပေးပါ - (၆) ပေါင်းရှင်းချိန်တွင် စပါးပင်များ မထိခိုက်အောင် ဂရုစိုက်ပါ။ - ရောဂါကျရောက်လာပြီဆိုရင်တော့ - (၁) ကော့ပါးအောက်ဆီဂလိုရိုဒ် (Copper oxychloride) - (၂) ကော့ပါး ဟိုက်ဒရောဆိုဒ် (Copper hydroxide) - (၃) ကာစူဂါမိုင်စင် (Kasugamycin) - (၄) ဗစ်မာသီယာဇိုး (Bismerthiazol) စတဲ့ ဆေးအဆိပ်ပါတဲ့ ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ - Ye Min Han (Htwet Toe) - ---- - !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။ - ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799 - ထွက်တိုး Telegram - https://t.me/htwettoe - ထွက်တိုး Youtube - https://www.youtube.com/@HtwetToe - ထွက်တိုး Tik Tok -https://www.tiktok.com/@htwettoe?is_from_webapp=1... 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
