ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်⛈⛈
#တင်ပြချိန်
Date_10.8.2025
Time_19:30 pm ည ၇း၃၀
လက်ရှိဖြစ်ပေါ်နေတဲ့
မိုးလေဝသအခြေအနေအရ ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ သုံးသပ်တင်ပြချက်
ဒီကနေ့ နံနက် ပိုင်း မိုးလေဝသ ဂြိလ်တုမှ ပေးပို့သော ပုံများအရ
မြန်မာနိုင်ငံ အရှေ့ ဘက် တရုတ်ပြည်မကြီးပေါ် မှာဖြစ်ပေါ် စိုက်ဆင်းလျှက်ရှိနေတဲ့လေဖိအားနည်း ဆဲလ် နှင့် အနောက်
ဘင်္ဂလားဘက်မှ ရွေ့လျားလာတဲ့ လေဖိအားနည်း ဆဲလ် တစ်ခုတို့ဆုံတွေ့ကြရာမှာ ၊လေဖိအားနည်း မြှောင်တန်းတစ်ခုဖြစ်ပေါ်ဖြတ်သန်း လျှက်ရှိနေသည့်အတွက်
#အထူးသဖြင့်
မြန်မာပြည် မြောက်ပိုင်း စွန်းဒေသ များနှင့်ဧရာဝတီ မြစ်အထက်ပိုင်း မေခမြစ်နှင့်မလိခ မြစ်ဝှမ်း ဒေသများအပါအဝင် ကချင်ပြည်နယ် တစ်ခုလုံး၊စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာယခုတင်ပြချိန်မှ နောက် ၃ ရက် အထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရံဖန်ရံခါ နေရာကွက်၍ မိုးကြီးခြင်းများဆက်လက်ရှိနေနိုင်ကြောင်းတွေ့ရှိရပါတယ်
#ဆိုတော့
ဧရာဝတီ မြစ်အထက်ပိုင်း မှာ မိုးအားကောင်းမယ်ပေါ့ဗျာ
မိုးအားကောင်းတော့ ရေပါလာတော့မှာပေါ့
ရေပါလာတော့ မြစ်ကြီးနား မြစ်ရေဆက်တိုက်
အတက်ဖက်ကို ဦးတည်လာနိုင်တယ်ပေါ့
#ဒါပေမယ့်
ဆိုသလောက်ပြောသလောက်ကြီး တော့လည်းမဟုတ်ပြန်ပါဘူးနော်
ခန့်မှန်းသုံးသပ်ချက်အရတော့ လက်ရှိ ရေအမှတ်အထက် နောက်ထပ် (200)cm မှ (250)cm၆ ပေ မှ ၈ ပေ လောက်တော့ ဖြစ်နိုင်တဲ့အနေအထားတွေ့ရတယ်ပေါ့
လက်ရှိရေအမှတ်နဲ့ဆိုတော့ မြစ်ကြီးနား မြစ်ရေ(850) cm လောက်အထိ တော့ရောက်လာနိုင်တယ်လို့ ပထမ အဆင့်အနေနဲ့သုံးသပ်ထားပါတယ်
ဒါကမိုးတွင်းကာလ အတွင်း ပုံမှန်အတက်အကျ လောက်မှပဲရှိနေတာဖြစ်တယ် မြစ်ကြီးနား မြို့အတွက်တော့
စိုးရိမ်ရမယ့်အခြေအနေ တော့မဟုတ်ပါဘူး
ဒါပေမယ့်
အပေါ်မှာပြောထားတဲ့အတိုင်း တကယ်တော့ မြစ်ရေဆိုတာ မိုးလေဝသ ဖြစ်စဥ်ပေါ်မှာ တိုက်ရိုက်ကိုပတ်သတ်ဖြစ်တည်နေတဲ့အရာ
အဲဒီမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း
ချင်းတွင်းအထက်ပိုင်းဒေသတွေမှာပါ
မိုးသည်းထန်လာနိုင်တဲ့အတွက် ချင်းတွင်းမြစ်ရေ ပြန်တက်လာနိုင်ပြီး
ချင်းတွင်းမြစ်ရိုးတလျှောက် မြို့များအားလုံးမှာ စိုးရိမ်ရေအမှတ်အထက်ကိုကျော်လွန်ရောက်ရှိလာနိုင်ကြောင်းသုံးသပ်ရရှိထားပါတယ်
အဲဒီမှာ ရာသီဥတု ဖြစ်စဉ်က ဧရာဝတီ မြစ်အထက်ပိုင်း မှာရော ချင်းတွင်း မြစ်အထက်ပိုင်းရော တပြိုင်နက်ထဲ မိုးသည်းထန် စွာရွာခဲ့ရင်တော့
တကယ်အရေးကြီးတဲ့ နေရာဒေသတွေက
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်ပါတယ်
#ဆိုလိုရင်းက ဒီမှာရောက်လာပြီနော်
ပြောရမယ်ဆို မန္တလေး စစ်ကိုင်း ကနေ မြင်းခြံ မြို့နယ်လောက်ကစပြီးပေါ့
ပခုက္ကူနယ် ဘက်ဆို ချင်းတွင်းမြစ်ရေ ပေါင်းဆုံလာမှာဖြစ်လို့
ပခုက္ကူ
ညောင်ဦး
ချောက်
ဆိပ်သာ
ဟင်္သာတ
ဇလွန် မြို့တွေမှာ စိုးရိမ်ရေအမှတ်ကို နောက်ထပ်တကြိမ် ကျော်လွန်ရောက်ရှိနိုင်ပါကြောင်းတင်ပြလိုပါတယ်
မကွး ၊မင်းဘူး ၊ ပြည် ၊အောင်လံမြို့များမှာ စိုးရိမ်ရေအမှတ် ကို မရောက်ရှိနိုင်သော်လည်းနီးနီးသို့ကပ်လျှက် ရောက်ရှိ နိုင်ပါတယ်လို့သုံးသပ်ရရှိထား ပါတယ်
👉
#ဧရာဝတီ မြစ်ရေ မြင့်တက် မှုကို၂၄ နာရီစောင့်ကြည့် တင်ပြပေးနေပါတယ်ခင်ဗျာ
ထူးခြားမှု ရှိလာလျှင် အချိန်နှင့်တပြေး ညီတင်ပြပေးပါမယ်
🙏#သဘာဝဘေးအန္တရာယ်အပေါင်း မှ ကင်းဝေးနိုင်ကြပါစေ#🙏
Source: Sayar NAING LIN HTWE. DMH (Kachin State)
တောင်သူများ သိရှိနိုင်ရန် ဆရာ့သုံးသပ်ချက်အား ပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
-----------------
မိုးလေဝသအဖွဲ့ဝင်ရန် -
https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း