ပြောင်းစိုက်ပျိုးနည်း
. စိုက်ပျိုးနည်းစနစ်များ
ပြောင်းပင်သည် သက်တမ်း (၁၁၀-၁၂၀) ရက်တွင် ရင့်မှည့်သော်လည်း မျိုး၊ စိုက်ခင်းအနေအထား၊ ရာသီဥတုအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါ သည်။ စံမြိတ်ထွက်ပြီး ရက် (၃၀) ခန့်တွင် ပြောင်းပင် ကောင်းစွာရင့်မှည့်ပါသည်။
- မြေပြုပြင်ခြင်း
- စိုက်ခင်းမြေသည် ကောင်းစွာထယ်ရေးနက်နက် (၉ လက်မခန့်) နှင့်ထွန်ရေး (၂-၃ ကြိမ်) မောင်းထားရန်လိုအပ်ပါသည်။ အစိုဓါတ်ထိန်းသိမ်းနိုင်ရန် နောက်ဆုံး မြေညှိ ကြမ်းတုံးရိုက်ပြီးမှသာ စိုက်တန်းများဆွဲပါ။
- စိုက်ပျိုးခြင်း
- ထောက်ပံ့ပေးထားသောမျိုးအတွက် မျိုးစေ့နှုန်း တစ်ဧကလျှင် ၅ ကီလိုခန့်အသုံးပြုပါ။
- ပင်ကြား တန်းကြား (၁x၂) ပေ တွင် ပြောင်းပင်သည် ကောင်းစွာဖြစ်ထွန်းပါသည်။
- မျိုးစေ့ကို (၂ – ၂.၅) လက်မအနက်ခန့်တွင် တနေရာ ၁-၂ စေ့ခန့်သာမျိုးစေ့ချ စိုက် ပျိုးပါ။
- မျိုးစေ့ချပြီး (၇) ရက်ခန့်တွင် ပင်ပျောက်/ ပင်သေ/ နေရာလွတ်များကို ချက်ချင်း ပြန်ဖာပါ။ မျိုးစေ့ချပြီး (၁၄) ရက်ခန့်တွင် အသန်ဆုံးတစ်ပင်သာ ချိန်ထားပါ။
 - မြေဩဇာအသုံးပြုခြင်း - သဘာဝမြေဩဇာများ၊ မြေဆွေးများသည် မြေဆီလွှာဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်စေသောကြောင့် ဓါတ်မြေဩဇာများနှင့်အတူ ပေါင်းစပ် အသုံးပြု ရပါမည်။
- မြေပြင်ချိန်တွင် ကောင်းစွာဆွေးမြေ့သောမြေဆွေး၊ သဘာဝမြေဩဇာများကို (၁၀-၁၅) လှည်းခန့် ထည့်ပေးသင့်ပါသည်။
- မြေခဲအဖြစ် ယူရီးယား (N) (၂၅ ကီလို) + တီစူပါ(P) (၅၀ ကီလို တစ်အိတ်)+ ပိုတက်ရှ် (K) (၂၅ ကီလို) ထည့်ပေးရပါမည်။
- ထို့နောက် မျိုးစေ့ချပြီး ၂၀-၂၅ ရက်သား၊ ကြားပေါင်းလိုက်ချိန်တွင် တစ်ဧက တွင် ယူရီးယား (N) (၂၅ ကီလို) + ပိုတက်ရှ် (K) (၂၅ ကီလို)၊
- မျိုးစေ့ချပြီး ၃၅-၄၀ ရက်သားခန့် မြေဆွ ဘောင်တင်/ ပုခုံးသားတင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (N) (၂၅ ကီလို) + ပိုတက်ရှ် (K) (၁၂.၅ ကီလို) ထည့်ပေးရပါမည်။
 - ရေသွင်း/ရေထုတ်စီမံခြင်း - ပြောင်းပင်သည် အပင်ငယ်စဉ် ခြောက်သွေ့ဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ညှိုးတတ်သော်လည်း အပင်ကြီးလာပါက ရေပြတ်လတ်မှု အတော်အသင့်အထိ ခံနိုင်ရည်ရှိပါသည်။
- ထို့ကြောင့် အပင်ငယ်စဉ်တွင် မြေဆီလွှာ အစိုဓါတ်ကောင်းစွာရှိရန် လိုအပ်ပါသည်။
- စိုက်ခင်း၊ ရာသီဥတု အခြေအနေများပေါ်မူတည်၍ လိုအပ်ပါက ပန်းပွင့်ချိန်နှင့် အဖူးတည်ချိန်တွင် စိုက်ကြောင်းမှတဆင့် ရေသွင်းပေးနိုင်ပါသည်။
 - ပေါင်းမြက်နှိမ်နင်းခြင်း - ပြောင်းစိုက်ခင်းသည် ပေါင်းမြက်စေ့များ၊ သီးနှံအကြွင်းအကျန်များ ကင်းရှင်း နေရပါမည်။
- ပျိုးပင်အဆင့်မှ ရက်ပေါင်း (၃၀) (အပင်ငယ်စဉ်အဆင့်များ) တွင် ပေါင်းကင်း ရှင်းခြင်းသည် အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းအတွက် အရေးကြီးပါသည်။
- မြေဩဇာမကျွေးမီ ပေါင်းရှင်းလင်းရေး လုပ်ဆောင်ပါ။ ပေါင်းသတ်ဆေးများကို အဓိကအားမထားဘဲ လက်ပေါင်းလိုက်ခြင်းအပြင် .. အခြားသင့်တော်သော နည်းမျိုးစုံ အသုံးပြုသင့်ပါသည်။
- ပြောင်းကို ပဲမျိုးရင်းဝင်အပင်များ (ဥပမာ-ပဲလွန်း)တို့ဖြင့် ကြားညှပ်စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုလည်း သက်သာသလို ဖောငမြောင်တောင် ကျရောက်မှု လည်း လျော့နည်းပါသည်။
 - ရိတ်သိမ်းခြင်း - ပြောင်းပင်သည် သက်တမ်း (၁၁၀-၁၂၀) ရက်တွင် ရင့်မှည့်သော်လည်း မျိုး၊ စိုက်ခင်းအနေအထား၊ ရာသီဥတုအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါ သည်။ စံမြိတ်ထွက်ပြီး ရက် (၃၀) ခန့်တွင် ပြောင်းပင် ကောင်းစွာရင့်မှည့်ပါသည်။
- ပြောင်းသီးနှံတွင် ပြောင်းရွက်များ ၈၀-၉၀ % ခန့် ခြောက်သွေ့ သောအခါ (သို့မဟုတ်) ပြောင်းစေ့ထိပ်တွင် အမည်းရောင်အမှတ်ကို သိသာစွာ မြင်ရပါက ရိတ်သိမ်းရန် အကောင်းဆုံး ဖြစ်ပါသည်။
- ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စားနပ်ရိက္ခာအဖွဲ့ (FAO Myanmar ) မှကူးယူဖော်ပြအပ်ပါသည်။
 - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
13
0
2561

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
