တရုတ်အပါအဝင်ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၃၈၀၀၀၀ ခန့် တင်ပို့မည်
ပြည်တွင်းထွက်ကုန် ရော်ဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေရခြင်းဖြစ်ပြီး စုစုပေါင်းပြည်ပတင်ပို့မှု ပမာဏ ရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေ ရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိခဲ့ရာ အခုဘဏ္ဍာနှစ်တွင် စုစုပေါင်းရော်ဘာတန်ချိန် ၃၅၀၀၀၀ ကနေ ၃၈၀၀၀၀ ကြားအထိ တိုးမြှင့်တင်ပို့ရန် လျာထားဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းကထွက်ရှိသည့်ရော်ဘာများကို နှစ်စဉ်ပြည်ပသို့တင်ပို့ရာတွင် တရုတ်ကို ၇၅ ရာခိုင်နှုန်း တင်ပို့ နေပြီး မလေးရှား ၊ အင်ဒိုနီးရှား ဗီယက်နမ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။
နှစ်စဉ် ပြည်ပသို့ရော်ဘာတင်ပို့မှုကနေ ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိ ကြောင်းလည်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
ပြည်တွင်း၌ ရော်ဘာကိုအများဆုံးစိုက်ပျိုးသည့်ဒေသများမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာ ရီတိုင်း ဒေသကြီးတို့ဖြစ်ပြီး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုး ထွက်ရှိကြောင်း သိရပါတယ်။
အောင်အောင်
Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း