cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အညာစာ ကဆစ်သီးကို စားဖူးကြပါသလား..

. ကျန်းမာရေးဆောင်းပါးများ
ကဆစ်သီး ဆိုတာက အညာစာလေး တစ်မျိုးပါ။ မျက်စိထဲ မြင်သာအောင် ပြောပြရရင် ဖရဲသီး သေးသေးလေးတွေနဲ့ တူသလို ကင်းပုံသီးလေးတွေနဲ့လဲ တူပါတယ်။
  • ကြော်စားလို့ ရသလို သုပ်စားတာ၊ ဖျော်သောက်တာ၊ ငပချက်နဲ့ တို့စားတာလိုမျိုး အမျိုးမျိုးလုပ်စားလို့ ရတဲ့  ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများစွာပါဝင်နေတာကို သိကြပါသလား...... 

    ကဆစ်သီးပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာ အသီးတွင်အခါးမျိုးနှင့် အချဉ်မျိုးဟု နှစ်မျိုး တွေ့ရပြီး လေပွခြင်း၊ လည်ချောင်းနာခြင်းအသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊ဆီးဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။ 

    ကဆစ်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အာဟာရ တန်ဖိုးလည်း မြင့်ပါတယ်။ အဆာခံ နိုင်စေသလို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးတိုးကျစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့အတွက်လည်း ထောက်ကူပေးပါတယ်။ ထို့အပြင် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေသလို အသက်ရှူ လမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။  

    အိန္ဒိယနိုင်ငံဒေသတချို့တွင် ကဆစ်သီးကို နံနက်စာတွင်ထည့်စားခြင်းဖြင့် အစာချေဖျက်အား ကောင်းစေပြီး၊ အဆာခံကာအလုပ်ကို ပိုမိုလုပ်နိုင်သည်ဟုယုံကြည်ကြသည်။ အညာမှာတော့ ယာခင်း မှရရှိလာတဲ့ ကဆစ်သီးကို အမျိုးမျိုးပြုလုပ်စားသုံးတတ်ကြပါတယ်။ 

    ကဆစ်သီးမှာ အစိမ်းစားလို့ရသလို အမှည့်ကိုလဲ စားလို့ရပါတယ်။ အရသာကတော့ သခွားမွှေးသီးနဲ့ တူပါတယ်။ ကဆစ်သီးကိုတော့မီးဖုတ်ပြီး ထောင်းစားကြသလို ကဆစ်သီးငပိချက်လဲ ချက်စားတတ်ကြပါတယ်။ ကဆစ်သီးကိုချဉ်ပေါင်ရွက်နဲ့အတူ ချဉ်ရည်ဟင်းချက်စားကြသလို၊ အခြားသီးနှံများကဲ့သို့ အမဲသား၊ ဝက်သား နှင့် ကြက်သားစတဲ့ အသားများနဲ့လည်း ရောနှောကာ ချက်စားလေ့ရှိကြပါတယ်။  

    Hello ဆရာဝန် ကျန်းမာရေးဆောင်းပါမှ ကောက်နှုတ်ဖော်ပြသည်။ 

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
7
comments
2
views
3117