ကျန်းမာရေးအတွက် များစွာအကျိုးပြုတဲ့ ဗာဒံစေ့ (ခ) ဗန်ဒါစေ့
- ကျွန်ုပ်တို့ငယ်စဥ်အခါက အညာဘက်မှာဆိုရင် နွေရာသီ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေစုဝေးပြီး ဗာဒံစေ့ (ခ) ဗန်ဒါစေ့ကို တကူးတက လိုက်ကောက်ပြီး ထုကာ အထဲမှ အစေ့အဆံလေးများကို စားလေ့ရှိ ကြပါတယ်။ ယခုနောက်ပိုင်းမှာ ဗာဒံစေ့ (ခ) ဗန်ဒါစေ့ကို အလွယ်တကူ ဝယ်ယူစားလို့ရနေပါပြီ။ ငယ်စဥ်အခါက အပျော်အနေနဲ့ စားခဲ့တဲ့ ဗာဒံစေ့ (ခ) ဗန်ဒါစေ့မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါဝင်နေတာကို လေ့လာတွေ့ရှိရတဲ့အခါ ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်။ - ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးမှာ အဆီပါဝင်မှုရှိပြီး ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့ linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု fatty acid တွေပါဝင်နေတာကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ Fatty acid က သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ဆံသား နဲ့ အသားအရေကို ကျန်းမာစေ နိုင်ပါသေးတယ်။ - ဗာဒံစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ် အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။ - ဗာဒံစေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေ နိုင်ပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။ - ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ် တွေကြွယ်ဝစွာပါဝင်နေပါတယ်။ Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင် စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဗာဒံစေ့မှာ ဇင့် နဲ့ မဂ္ဂနိ့တို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင် နေပါတယ်။ - ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချ ပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့ စားပေးလို့ရပါတယ်။ - ဗာဒံစေ့ရဲ့ ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အင်ဆူလင်ထွက်ရှိမှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုးမဖြစ်အောင် အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေဖို့ စားပေးသင့်ပါတယ်။ - ဗာဒံစေ့ ပုံမှန်စားသုံးပေးတာက အစာခြေစနစ်ကိုကျန်းမာစေပြီး ဝမ်းမှန်စေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေဒီတော်တော်များများမှာ ခံစားရတဲ့ ရင်သားကင်ဆာမဖြစ်စေဖို့အတွက် စားသုံးလို့ရပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗာဒံစေ့က ကင်ဆာရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ - Hello ဆရာဝန် ကျန်းမာရေး ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
