မိုးနှောင်းကာလ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်
METEOBLUE SA-ENSEMBLE GLAOBAL MODEL FORECAST
Seasonal Weather Forecast -
Late Rainy Season Forecast - 20th AUG, 2025.
#စက်တင်ဘာလ -
ဧရာဝတီတိုင်းတောင်ပိုင်း-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှဒေသများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းရရှိနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်အနောက်ဘက်ဒေသများတွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အောက် လျော့နည်းရွာသွန်းနိုင်ကာ၊ ကျန်ပြည်နယ်တိုင်းဒေသများမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ခန့် ရွာသွန်းရရှိနိုင်ပါမယ်။
#အောက်တိုဘာလ -
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းရရှိနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ခန့် ရွာသွန်းရရှိနိုင်ပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အောက် လျော့နည်းရွာသွန်းရရှိနိုင်ပါမယ်။
#နိုဝင်ဘာလ -
တနိုင်ငံလုံးမှာ နိုဝင်ဘာလ၏ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ခန့် ရွာသွန်းရရှိနိုင်ပါမယ်။
(ဩဂုတ်လ ၂၀ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်)
Source: Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း