ငါးမွေးတောင်သူများအတွက် အာဟာရပြည့်ဝသော ဖြည့်စွက်စာ ကျွေးမွေးရမည့် နည်းလမ်းများ
ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူကြသော ငါးမွေးတောင်သူများသည် ကြီးထွားနှုန်း ကောင်းမွန်စေရန်အတွက် ဖြည့်စွက်စာများ ကျွေးမွေးကြပါသည်။ ဖြည့်စွက်စာကျွေးရာတွင် အာဟာရပြည့် ဝသောအစာကျွေးမှသာ ကြီးထွားနှုန်း ကောင်းမွန် မြန်ဆန်ပါမည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူကြသော ငါးမွေးတောင်သူများသည် အာဟာရပြည့်ဝသော အစာကို စပ်စာအဖြစ်ကျွေး မွေးနိုင်ကြပါရန် အကြံပြုအပ်ပါသည်။
ရေနေသတ္တဝါများအားလုံးအတွက် အခြေခံအစာသည် အပင်မျှောလှေးနှင့် အကောင်မျှောလှေးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူ ကြသူများသည် ကန်အတွင်း အပင် မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားကြစေရန် ရေဩဇာကောင်းစေရန် ဆောင်ရွက်ကြပါ သည်။ သို့သော် ကြီးထွားနှုန်းကောင်းစေရန်နှင့် ငါးများကျန်းမာစေရန်အတွက် ဖြည့်စွက်စာကို အောက်ပါအ တိုင်း အစာစပ်ပြီး ကျွေးနိုင်ပါသည်။ အစာတစ်ပိဿာ ဖော်စပ်နည်း နမူနာကို တင်ပြပါသည်။
ဦးဆန်းအောင်
ထွက်တိုး
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။




ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း