ဒိန်ချဉ် ကိုယ်တိုင်ပြုလုပ်နည်း
လိုအပ်သည့်ပစ္စည်းများ- နွားနို့ (၁) လီတာ- မြေအိုး ပြုလုပ်နည်း (အဆင့် - ၁)မြေအိုးသန့်သန့်တစ်လုံးကို ရေပြောင်အောင်ဆေး၍ အခြောက်ခံပါ။ အိုးထဲသို့ ကျိုထားပြီးသားနွားနို့ ထမင်းစားဇွန်း (၂-၃) ဇွန်းခန့်ထည့်ပြီး အဖုံးအုပ်ကာ နေရောင်အောက်တွင် နေ့တပိုင်းခန့်ထားပေးပါ။အိုးတွင်းမှ နို့များ ခဲလာပြီး ဒိန်ချဉ်နံ့ထွက်လာပါက ဒိန်ချဉ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ (ဆိုင်ကဝယ်လာတဲ့ ဒိန်ချဉ်ကိုလည်းအသုံးပြုနိုင်ပါသည်)
ပြုလုပ်နည်း (အဆင့် - ၂)ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်တွင်ထည့်၍ ၁၀ မိနစ်ခန့် ဆူပွက်အောင် ကျိုပေးပါ။ဆူပွက်နေသောနို့ကို အနွေးဓါတ်ရှိရုံအနေအထားထိ အအေးခံထားပါ။
အအေးခံပြီးပါက အဆင့် (၁) တွင် ပြုလုပ်ထားသော ဒိန်ချဉ် (၂-၃) ဇွန်းကို မြေအိုးထဲသို့ထည့်ပါ။ အခဲများကြေအောင် ခြေပေးပါ။ပြီးနောက် အိုးထဲသို့ အအေးခံထားသော နွားနို့လောင်းထည့်ပါ။ အနည်းငယ် သမအောင်မွေပေးပြီးပါက အဖုံးကို ပိတ်စပါးပါးဖြင့် ပိတ်ထားပေးပါ။
**သတိပြုရန်မှာ အိုးကို နေရာရွှေ့ခြင်း၊ လှုပ်ခြင်း ပြုလုပ်မိပါက နို့ကွဲတတ်သဖြင့် မပြုလုပ်မိရန်ဖြစ်သည်။ပုံမှန်ပူနွေးသော အခန်းတွင် ၆ နာရီခန့်ထားပါက ဒိန်ချဉ်ကို စတင်စားသုံးနိုင်ပြီဖြစ်ပါသည်။ ပြုလုပ်ထားသော ဒိန်ချဉ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပါသည်။**
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း