ပဲတီစိမ်းအထွက်တိုးစေရန် မစိုက်ပျိုးခင် ကြိုတင်လေ့လာထားရမည့်စိုက်နည်းစနစ်များ
- ပဲတီစိမ်းစိုက်ပျိုးကြရာတွင် မြေဆောင်ရောဂါများဖြစ်ကြတဲ့ ဖျူစေရီယမ်ပင်ညှိုးနှင့် မြစ်ခြောက်ဆွေး ရောဂါများမှာ အပင်ငယ်စဥ်ကျရောက်ပါက ခံနိုင်ရည်မရှိပဲ အပင်သေသွားတတ်၍ ကြိုတင်ကာကွယ်ထားသင့်သော ရောဂါများဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ရာတွင် မြေဆောင် မှိုသတ်ဆေးကြိုတင်ထည့်လေ့ရှိကြသလို မျိုးစေ့လူးနယ်မှိုသတ်ဆေးလဲ အသုံးပြုလေ့ရှိကြပါတယ်။ - ပဲတီစိမ်းစိုက်ပျိုးကြရာတွင် မြေဩဇာစနစ်တကျကျွေးခြင်းသည်လဲ များစွာအကျိုး သက်ရောက်မှုရှိပါတယ်။ တောင်သူအများစုမှာ ပဲတီစိမ်းစိုက်ပျိုးရာတွင် ရွက်ဖျန်းမြေဩဇာများ အသုံးပြုလေ့ရှိကြသော်လည်း မြေခံအနေနဲ့ အသုံးပြုရန် မလိုအပ်ပါဟူ၍ ထင်မှတ်နေတတ်ခြင်းမှာ မှားယွင်းသောအချက်ပင်ဖြစ်သည်။ မြေခံအနေနဲ့ပြည့်ဝစွာ ထည့်သွင်းထားမှသာ အပင်ငယ်စဥ် ကျရောက်လာမည့် ရောဂါပိုးမွှားဒဏ်များကို ခံနိုင်ရည်ရှိမှာဖြစ်စေပြီး အပင်ကို ကျန်းမာသန်စွမ်း စေမှာဖြစ်ပါသည်။ မြေသြဇာအကျိုးရှိစွာ အသုံးပြုပုံများမှာ- - - မျိုးမချမီ စိုက်ပျိုးမြေ တစ်ဧကလျှင် နွားချေး လှည်း ၅စီး-၁ဝစီးခန့် ထည့်ပေးရပါမည်။ - - ပုလဲ အိတ်ဝက် (၂၅ကီလိုဂရမ်)၊ ဖော့စဖောရတ်စ် ၁အိတ်(၅၀ကီလိုဂရမ်) နှင့် ပိုတက်ရှ် အိတ်ဝက်(၂၅ကီလိုဂရမ်) ကို ရောမွှေ၍ မြေပြင်ချိန်တွင် ထည့်ပေးရန် လိုအပ်ပါသည်။ - - ကောင်းစွာဆွေးမြေ့နေသော သဘာဝ မြေသြဇာ နွားလှည်း၅စီး-၁ဝစီးခန့်ကို မြေဆီအရည်အသွေး ကောင်းမွန်စေရန် ထည့်သွင်းပေးရပါမည်။ - - ပဲတီစိမ်းစိုက်ခင်းသည် ရေဝင်ရေထွက် အဆင်ပြေရမည်ဖြစ်ပြီး မြေအစိုဓာတ်လည်း လုံလောက်စွာ ရှိရပါမည်။ - - အပင်ကြီးထွားနှုန်း ကောင်းစေရန်အတွက် ရွက်ဖြန်းမြေသြဇာကိုမူ စိုက်ပျိုးပြီး ၁၈ရက်အကြာတွင် တစ်ကြိမ်နှင့် ၂၅ရက်အကြာတွင် တစ်ကြိမ် ပက်ဖြန်းပေးရပါမည်။ - - ပန်းပွင့်နှုန်းနှင့် သီးတောင့်ထွက်နှုန်းတိုးရန်အတွက်မူ စိုက်ပျိုးပြီး ၃၅ရက်နှင့် စိုက်ပျိုးပြီး ၄၅ရက်တွင် အသီးအပွင့်အားဆး ပက်ဖျန်းပေးနိူင်ပါသည်။ - - မိမိကိုယ်တိုင် အသီးအပွင့် ရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲလိုပါက အောက်ပါအတိုင်း ဆောင်ရွက်နိူင်ပါသည်။ - - ရေ၄ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပုလဲ စားပွဲတင်ဇွန်း ၁၈ဇွန်း၊ ဘိုရွန် စားပွဲတင်ဇွန်း ၄ဇွန်း ရောစပ်ကာ လယ်တစ်ဧကလျှင် ဆေးဖြန်းပုံး ၄-၅ပုံးခန့်ကို ပန်းစပွင့်ချိန်မှ သီးတောင့်ထွက်ချိန်အထိ နှစ်ကြိမ်-သုံးကြိမ်( မျိုးစေ့ချပြီးနောက် ၃၅ရက်နှင့် ၄၅ရက်ကြာပြီးနောက်) ၎င်းဆေးများကို အသုံးပြုပေးပါ။ - - ပန်းပွင့်ဝင်ချိန်မှာ အစိုဓာတ် ကောင်းစွာရရှိရန် လိုအပ်ပါတယ်။ - - အပင်ကြီးထွားမှု အစောပိုင်းအဆင့်မှာ စုပ်စားပိုးများ၊ ပင်စည်ထိုးယင်များ၊ ငမြှောင်တောင်ပိုးများနှင့် ရွက်လိပ်ပိုးများ ကျရောက်ဖျက်ဆီးတတ်ပါသည်။ - -အပင်ကြီးထွားမှု နောက်ပိုင်းအဆင့်တွင် ပန်းပွင့်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ပွင့်ထွေးပိုး ကျရောက် ဖျက်ဆီးနိူင်ပါသဖြင့် ပန်းစပွင့်ချိန်မှစ၍ ထိသေစားသေပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေးကြိုတင် ပက်ဖျန်းနိုင်ပါတယ်။ - -အပင်ပေါက် ညီညာစေရန်နှင့် တစ်ဧက သတ်မှတ် အပင်ဦးရေ (တစ်ဧကလျှင် အပင်တစ်သိန်း) ပြည့်မှီမှု ရှိအောင် စိုက်ပျိုးရမည်။ - ထွက်တိုး - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
