cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဘာဆေးတွေအစုံစားစား လေးညှင်းပွင့်တော့ငုံထား.

. ကျန်းမာရေးဆောင်းပါးများ
သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့  ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့်တစ်ပွင့်ကိုယူပြီး ခံတွင်းမှာငုံထားလိုက်ပါ။ သို့မဟုတ် ပါးစောင်မှာငုံထားလိုက်ပါ။
  • ရရှိမဲ့အကျိုးကျေးဇူးကတော့ - 

    သင်ဟာခါတိုင်း မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင် မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။ 

    သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။ 

    သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ 

    သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှုရှိသူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်ပါ။ 

    အအေးပတ် နှာစေး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနီသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။ 

    ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။ 

     ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။ 

    သွေးတိုးရှိသူများဟာ မနက်ထမျက်နှာသစ်ပြီးသွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေးတိုးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ 

    ညအိပ်မပျော်သူများဟာ မအိပ်မီ တစ်နာရီခန့်ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့် အိပ်ပျော်စေနိုင်ပါတယ်။ 

    လေးညှင်းပွင့်ဟာ တိုင်းရင်းဆေးကျမ်းများအလိုအရ ထက်မြက်တဲ့ဂုဏ်ရှိပါတယ်။ ပွင့်စေတဲ့သတ္တိအာကာသသတ္တိရှိပါတယ်။ ဝမ်းမီးတောက် အစာကြေ အူလမ်းကြောင်း ပွင့်စေတဲ့သတ္တိ လည်းရှိပါတယ်။ 

    အနောက်တိုင်း Harval medicine အရတော့ လေးညှင်းရဲ့သတ္တိဟာ ရောဂါဗေဒမှာကုသရအခက်ဆုံးဖြစ်တဲ့ ကင်ဆာကိုတောင် ကာကွယ်နိုင်တဲ့ သတ္တိရှိတယ်လို့ဆိုပါတယ် 

    ကြည်လွင်မြင့်(မုဒြာ) ထံမှ ကူးယူဖော်ပြသည်။ 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
2
views
2310