အောင်ပန်းကုန်စည်ဒိုင်ရှိ အာလူးစျေး သုံးသပ်ချက်
- ၂၈.၈.၂၀၂၅ ရက်နေ့ဖြစ်ပေါ်နေသော အာလူးစျေးနှုန်းများမှာ - - အာလူး (အေ−၁)(မျက်နီ)မှာ 2500 မှ 3000 ကျပ်၊ အာလူး(အိုကေ) မှာ3500 မှ 3800 ကျပ်၊ အာလူး(အက်စ် ၁) မှာ 4500 မှ 4800 ကျပ်၊ အာလူး(အက်စ်-၂) 4500 ကျပ် အသီးသီး စျေးပေါက်နေပါသည်။ - အောင်ပန်းဈေးကွက်ရှိ သြဂုတ်လ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် အာလူး (အေ−၁)(မျက်နီ) စျေး နှုန်းမှာ တစ်ပိဿာလျှင် 2750 /-ကျပ်၊ အာလူး (အိုကေ) ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် 3620 /-ကျပ်၊ အာလူး(အက်စ် ၁) စျေးနှုန်းမှာ တစ်ပိဿာလျှင် 4650/-ကျပ်၊ အာလူး(အက်စ်-၂) စျေး နှုန်းမှာ တစ်ပိဿာလျှင် 4530/-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။ - ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၅ ခုနှစ် သြဂုတ်လ အထိ အာလူး (အေ−၁)(မျက်နီ) ၏ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် 4194 /-ကျပ်၊ ဖေဖော်ဝါရီတွင် 3697 /-ကျပ်၊ မတ်လတွင် 3063 /- ကျပ်၊ ဧပြီလတွင် 3803 /ကျပ်၊ မေလတွင် 2892 /-ကျပ်၊ ဇွန်လတွင် 3012/-ကျပ်၊ ဇူလိုင်လတွင် 3250 /-ကျပ်နှင့် သြဂုတ်လ တွင် 2750 /-ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။ - အာလူး (အိုကေ) ၏ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် 5333 /- ကျပ်၊ ဖေဖော်ဝါရီလ တွင် 4565 /- ကျပ်၊ မတ်လတွင် 3300 /-ကျပ်၊ ဧပြီလတွင် 3606 /ကျပ်၊ မေလတွင် 3762 /ကျပ်၊ ဇွန်လတွင် 3881 /-ကျပ်၊ ဇူလိုင်လတွင် 4000 /-ကျပ်နှင့် သြဂုတ်လတွင် 3620 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။ - အာလူး(အက်စ် ၁) ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် 5944 /- ကျပ်၊ ဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် 4989 /- ကျပ်၊ မတ်လတွင် 3400 /-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ 4550 /ကျပ်၊ မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ 4261 /ကျပ်၊ ဇွန်လတွင် 4000 /-ကျပ် နှင့် သြဂုတ်လတွင် 4650 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။ - အာလူး(အက်စ်-၂) ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာ လျှင် 8000 /- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် 7537 /- ကျပ်၊ မတ်လတွင် 3600 /-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ 5106 /ကျပ်၊ မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ 5262 /ကျပ်၊ ဇွန်လတွင် 5112 /-ကျပ်၊ ဇူလိုင်လတွင် 5250 /-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် 4530 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။ - ဈေးကွက် သုံးသပ် ခန့်မှန်းချက် - စားဖိုဆောင်သီးနှံ အာလူး၏ တစ်ပိဿာစျေးနှုန်းများကို သုံးသပ်ကြည့်ပါက နှစ်အစကနေ မတ်လအထိ သိသိသာသာ စျေးကျလာပြီး နောက်ပိုင်းလများတွင် စျေးအနည်းငယ် ပြန်တက်လာသည်ကို တွေ့ရှိရသည်။ ဇူလိုင်လနှင့်ယှဉ်လျှင် - ဇူလိုင်လတွင် စျေးတက်လာရာမှ သြဂုတ်လတွင် စျေးပြန်အေးသွားပါသည်။ တရုတ်အာလူးဝင်ရောက်လာမှုပေါ်မူတည်ပြီး စျေးအပြောင်းအလဲ ဖြစ်နေခြင်းဖြစ်သည်။ တရုတ် အာလူးများ စျေးကွက်သို့ ဝင်ရောက်မှုနည်းပါက အာလူးစျေး တက်လာနိုင်ကြောင်း ကုန်စိမ်း ရောင်းဝယ်သူများထံမှ သိရသည်။ - ကျေးဇူးတင်ပါသည်။ - နွယ်အေး (ထွက်တိုး) - Data Source: AMIA - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
