ကြောင်လျှာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
#ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent , Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော်။
ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်
#ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး
နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်ပါတယ်
* သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊
ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏
* ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏ ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။
* အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။ ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏။
ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။ ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။ ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည် ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊ ဒေါသသုံးပါးကို ငြိမ်းစေ၏
* ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊ တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်း၏။
ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့် သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆ ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။
* ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့် လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။
ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏ ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက် တစ်ကြိမ်လျှင်
> ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ဝမ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော အစာမကြေရောဂါ ပျောက်ကင်း၏
ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ သက်သာပျောက်ကင်းသည် ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို ပလုတ်ကျင်းပေးခဲ့သော်
ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။ ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျောပြီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း၏။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏
သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။
လေးစားစွာဖြင့် မူရင်းရေးသားသူကို crd ပေးပါသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း