cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

(Napier မျိုးကွဲ မြက်ချို)အကြောင်း သိကောင်းစရာ

. စိုက်ပျိုးနည်းစနစ်များ
နေဗီယာမျိုးကွဲ မြက်ချို- (အပင်သက်တမ်း (၈)နှစ်မှ (၁၀)နှစ် အထိရှိခြင်း၊ ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်ခြင်း၊ စိုက်ပျိုး/မျိုးပွားရန် လွယ်ကူခြင်း၊ ပရိုတင်းဓါတ် (၂၃.၇၉%)ပါဝင်ခြင်း)
  • (၁)မြက်ချိုမှာ အပင်တိုင်း အပွင့်မပွင့်သည့်အတွက် မျိုးရိတ်သိမ်းရန် ခက်ခဲသဖြင့် မြက်ငုတ် အနေနှင့်သာ ပြန်လည်စိုက်ပျိုး/မျိုးပွား ရပါသည်။ 

    (၂)မြက်ငုတ်အနေဖြင့် စိုက်ပျိုးပါကလည်း အပင်ပေါက်နှုန်း မြန်၍ အပင်အောင်နှုန်း မြှင့်ပါသည်။ 

    (၃)မြက်ချို မြက်မျိုးငုတ်ကို စိုစွတ်သော နေရာတွင် ထားပါက ကြာရှည်စွာထား၍ရပြီး အဝတ်စိုနှင့် အုပ်ထားပေးပါက အပင်အတက်အညှာက်ကလေးများ ထွက်လာပြီးမှ စိုက်ပျိုးလျှင် အပင်အောင်နှုန်း ၁၀၀% ရှိပါသည်။ 

    (၄)အပင်အငုတ်အား အလှဲလိုက် တစ်ပင်ချင်းစိုက်ပျိုးရပါသည်။ 

    (၅)မြက်ချို အပင်များမှာ များများခုတ်ပါက များများပွားသဖြင့် တစ်ကြိမ် စိုက်ရုံဖြင့် (၇)နှစ်မှ (၁၀)နှစ်အထိကျွေးနိုင်ပါသည်။ 

    Napier မျိုးကွဲ မြက်ချို၏ အသုံးဝင်ပုံများ (၁)ပရိုတင်းပါဝင်မှုနှုန်းများခြင်း (၂၃.၇၉%) (၂)မိုးခေါင်ရေရှားဒဏ်ခံနိုင်ခြင်း (၃)အရွက်များနူးညံ့၍ ပင်စည်တုတ်ပြီး ကြွပ်ချိုသော အရသာရှိသည့်အတွက် တစ်ပင်လုံး ကျွေး၍ရခြင်း (၄)စိုက်ပျိုး(၆)လကျော် (၇)လတွင် ပြန်လည်မျိုးပွား၍ ရခြင်း (၅)ကျွဲ၊နွား တိရစ္ဆာန်များအတွက် ခန္တာကိုယ်တည်ဆောက်မှုကို အားကောင်းစေသောကြောင့် ခိုင်းနွားများ စားလျှင် ကျန်းမာသန်စွမ်းစေခြင်း (၆)သားပေါက်ပြီးနို့တိုက်မိခင် ကျွဲ၊နွားများအား ကျွေးလျှင် နို့ရည်ပေါများ၍၊ အမြဲကျွေးလျှင် နို့ထွက်နှုန်း မြင့်မားစေခြင်း (၇)နွားကလေး၊ နွားမဒါန်းများအား ကျွေးလျှင် ကိုယ်ခန္တာ တည်ဆောက်မှုကို အားပေးသည့်အတွက် အရပ်အမောင်း ကောင်းပြီးကြီးထွားမှု မြန်ဆန်ခြင်း (၈)မြင်းများကိုကျွေးလျှင်လည်း ကျန်းမာသန်စွမ်းစေခြင်း (၉)ဝက်များအား စပ်စာ(ဖြည့်စွက်စာ)နှင့် ရော၍ကျွေးပါက ကျန်းမာ သန်စွမ်း၍ ကြီးထွားမှုနှုန်း မြန်ဆန်သဖြင့် မွေးမြူရေး အစာစားရိတ် လျော့ချနိုင်ခြင်း (၁၀)ဆိတ်ကလေးများ ကျွေးလျှင် ကျန်းမာသန်စွမ်း၍ ကြီးထွားနှုန်း မြန်ဆန်ခြင်း (၁၁)အသားတိုးကြက်၊ ဥစားကြက်၊ အိမ်ကြက်၊ ဘဲများအား ကျွေးလျှင် ပရိုတင်းဓာတ် ပါဝင်မှုနှုန်း များသည့်အတွက် မွေးမြူရေးအစာ စားရိတ်လျော့ချနိုင်ခြင်း  

    Ref: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ထွက်တိုး  

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2320