cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သစ်သီးဝလံများ အနံ့အရသာတက်စေရန် မဖြစ်မနေထည့်သွင်းရမည့် အာဟာရဓာတ်များ

. အပင်အာဟာရ
ဆွေးနွေးချင်တာကတော့ အပင်ဖွံ့ဖြိုးမှု၊ အထွက်နှုန်းတိုးဖို့မဟုတ်ဘဲ သီးနှံတွေရဲ့ အနံ့ အရသာတိုးစေသော အာဟာရဓာတ်များအကြောင်းဖြစ်ပါတယ်။ စိုက်ပျိုးသူများအနေဖြင့် မိမိတို့သီးနှံအလိုက် မဖြစ်မနေကျွေးရမယ့် အာဟာရဓာတ်များဖြစ်ပါတယ်။
  • သစ်သီးဝလံများသာမက သီးနှံအားလုံးဖွံ့ဖြိုးကြီးထွား၍ အရည်အသွေးကောင်းမွန်စေရန် အကြမ်းအားဖြင့် အာဟာရဓာတ် (၁၇)မျိုး လိုအပ်ပါတယ်။

    အပင်တွေမှာ အများကြီးလိုအပ်တာကတော့ (Carbon, Hydrogen, Oxygen, Nitrogen, Phosphorous, Potassium, Calcium, Magnesium, Sulfur) တို့ ဖြစ်ပါတယ်။

    ပမာဏအနည်းငယ်သာလိုအပ်တာတွေကတော့ (Iron, Manganese, Zinc, Copper, Boron, Molybdenum, Chlorine, Nickel) တို့ ဖြစ်ကြပါတယ်။

    Carbon, Hydrogen, Oxygen တို့ကို လေနဲ့ ရေမှရရှိပြီး၊ ကျန်သော (၁၄) မျိုးကိုတော့ မြေ၊ရေနှင့် မြေဩဇာများမှ ရရှိခြင်းဖြစ်ပါတယ်။

    ဒီပိုစ့်မှာ ဆွေးနွေးချင်တာကတော့ အပင်ဖွံ့ဖြိုးမှု၊ အထွက်နှုန်းတိုးဖို့မဟုတ်ဘဲ သီးနှံတွေရဲ့ အနံ့ အရသာတိုးစေသော အာဟာရဓာတ်များအကြောင်းဖြစ်ပါတယ်။ စိုက်ပျိုးသူများအနေဖြင့် မိမိတို့သီးနှံအလိုက် မဖြစ်မနေကျွေးရမယ့် အာဟာရဓာတ်များဖြစ်ပါတယ်။

    ပုလဲချည်းပဲ ကျွေးမယ်၊ ကွန်ပေါင်းမြေဩဇာချည်းပဲ ကျွေးမယ်ဆိုရုံနဲ့ အသီးတွေရဲ့ အနံ့အရသာကို တိုးစေမှာ မဟုတ်ပါဘူး။ တချို့အာဟာရများသည် အနည်းလိုဆိုပေမယ့်၊ သူ့နေရာနဲ့သူ တကယ့်ကို အရေးပါလှပါတယ်။

    ယေဘူယျအားဖြင့် သစ်သီးဝလံတွေရဲ့ အနံ့အရသာတွေကို တိုးစေတာကတော့ သကြား၊ အော်ဂဲနစ်အက်ဆစ်နဲ့ အနံ့ကွန်ပေါင်း အစရှိသည်တို့ ရောနှောနေခြင်းကြောင့် ဖြစ်ပါတယ်။

    (၁) သကြား (အချိုဓာတ်)

    Glucose, fructose နှင့် sucrose တို့သည် အချိုဓာတ်တက်ရန် အရေးပါဆုံး သကြားများဖြစ်ကြပါတယ်။

    သကြားဓာတ်များမှသာ အချိုဓာတ်နှင့် အရသာတစ်ခုလုံးကို တက်စေပါတယ်။

    #အချိုတက်စေရန်မဖြစ်မနေထည့်ပေးရမည့်အာဟာရများ

    ပိုတက်ဆီယမ်- သကြားများ ပို့ဆောင်ပေးရန်နှင့် စုဆောင်းရန်

    Magnesium - အလင်းမီအစာချက်ခြင်း သို့မဟုတ် Photosynthesis (သကြားထုတ်လုပ်ခြင်း)

    (၂) အော်ဂဲနစ်အက်ဆစ်များ (အချဥ်ဓာတ်နှင့် အရသာမျှစေရန်)

    အချိုအချဥ်မျှတမှသာ အရသာရှိသည့် အသီးများရရှိပါမည်။

    ဥပမာ - Citric acid, malic acid, tartaric acid

    #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ

    Phosphorous – အက်ဆစ်များ ဖြစ်ပေါ်ရန် ATP စွမ်းအင်များ ကူးပြောင်းပေးရာ၌ အဓိကဖြစ်သည်။

    Boron - သကြား-အက်ဆစ် မျှတစေရန် ထိန်းချုပ်သည်။

    (၃) အနံ့ကွန်ပေါင်း (အနံ့နှင့် ရောနှောအရသာများ)

    ဥပမာ- အငွေ့ပျံနိုင်သော ကွန်ပေါင်းများဖြစ်သည့် Esters, terpenes, aldehydes, alcohols များသည် အသီးများ၏ အနံ့ကို ဖြစ်စေပါသည်။ အသီးများရင့်မှည့်ချိန်တွင် ရရှိလေ့ရှိသော အနံ့များဖြစ်သည်။

    #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ

    Sulfur - အနံ့‌မော်လီကျူးများဖြစ်ပေါ်စေရန် လိုအပ်သည်။

    Nitrogen - အငွေ့ပျံနိုင်သောကွန်ပေါင်းအများစု၏ အခြေခံအမိုင်နိုအက်ဆစ်များထွက်ခြင်းကို အားပေးသည်။

    Zinc - အငွေ့ပျံနိုင်သောကွန်ပေါင်းအများစုဖြစ်ပေါ်စေ့မည့် အင်ဇိုင်းကို လှုံ့ဆော်ပေးနိုင်သည်။

    (၄) အရသာကိုတက်စေသည့် ဒုတိယပစ္စည်းများ

    Phenolics, flavonoids, anthocyanins များသည် အခါးဓာတ်၊ အဖန်ဓာတ်နှင့် အရောင်များကို ဖြစ်ပေါ်စေ၍ အသီးများ၏ အရသာကို ပိုမိုတိုးစေသည်။

    #မဖြစ်မနေထည့်ပေးရမည့်အာဟာရများ

    Calcium- ဆဲလ်နံရံများနှင့် ခုခံစနစ် (အခါးဓာတ်နှင့် အဖန်ဓာတ်များ ထုတ်လွှင့်ခြင်း) (Stress များကြုံချိန်တွင် အပင်၌ထုတ်လုပ်သည့် ခုခံစနစ်၌ အဆိုပါဓာတ်များပါဝင်ပါသည်)

    Manganese – Phenolic လမ်းကြောင်းဆိုင်ရာအင်ဇိုင်းများအတွက် ဖြစ်သည်။

    ထို့ပြင် သီးနှံအလိုက် ထည့်သွင်းရမည့် အပင်အာဟာရဓာတ်များကို ထပ်မံဆွေးနွေးလိုပါတယ်။

    -------------------

    #သရက်

    အချိုဓာတ်- Fructose, glucose မြင့်မားသည်

    အချဥ်ဓာတ်- သရက်သီးအစိမ်းများ၌ Malic acid, citric acid များ အနည်းငယ်ပါဝင်သည်

    အနံ့- Terpenes (myrcene - စပ်ရှားရှားအနံ့ဖြစ်၍ ရင်ကွဲသရက်၌ အမြင့်မားဆုံးပါဝင်သည်) အမြောက်အမြားပါဝင်သည်။ ထို့ပြင် lactones (ချိုအီသည့်အနံ့)

    စုပေါင်း အရသာ - အသီးနုချိန် ဖန်သည့်အချိန်၌ Phenolics အချို့ပါဝင်သည်

    သရက်သီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Sulfur, Zinc, Boron)

    #ဒူးရင်း

    အချိုဓာတ်- Fructose, Sucrose မြင့်မားသည်

    အချဥ်ဓာတ်- အနည်းငယ် အချဥ်စူးသည့် Malic ကဲ့သို့ အော်ဂဲနစ်အက်ဆစ်များ

    အနံ့- Ethanethiol ကဲ့သို့ ဆာလဖာကွန်ပေါင်းများ အလွန်မြင့်မားစွာပါဝင်ခြင်းကြောင့် အနံ့အလွန်ပြင်းသည်။

    စုပေါင်း အရသာ - အီဆိမ့်စေသည့် Fatty အက်ဆစ်များပါဝင်သည်

    ဒူးရင်းသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Sulfur, Nitrogen, Magnesium)

    #ထောပတ်သီး

    အချိုဓာတ်- အခြားသစ်သီးများနှင့် နှိုင်းယှဥ်ပါက သကြားဓာတ်အလွန်နည်းသည်

    အချဥ်ဓာတ်- နည်းသည်။ အနည်းငယ်သော အော်ဂဲနစ်အက်ဆစ်များသာ တွေ့ရှိရသည်

    အနံ့- Aldehyde, ketone ကဲ့သို့ အငွေ့ပျံအဆီများပါဝင်၍ ထောပတ်ကဲ့သို့အနံ့ကို ပေးသည်

    စုပေါင်း အရသာ - အဆီပါဝင်မှု (Monounsaturated အဆီများ) မြင့်မား၍ အခါးဓာတ်အနည်းငယ်ပေးသည့် Phenolic များ ပါဝင်သည်

    ထောပတ်သီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Nitrogen, Zinc, Calcium)

    #အခြားသီးနှံများ

    အုန်းသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Boron, Magnesium, Sulfur)

    ဖရဲသီးအရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများ- (Potassium, Magnesium, Boron, Sulfur)

    အရွက်စားဟင်းသီးဟင်းရွက်များ အရသာတက်စေရန် မဖြစ်မနေထည့်ပေးရမည့် အာဟာရများမှာ

    ဟင်းနုနယ် (Potassium, Magnesium, Calcium)

    ဆလတ် (Potassium, Calcium, Boron)

    ကိုက်လန် (Sulfur, Nitrogen, Calcium)

    မုန်ညင်း (Sulfur, Nitrogen, Potassium)

    Source: Dr.Wunna Htoon

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
12
comments
0
views
2456