ဆေးဖက်လည်းဝင် သင်္ဘောပင် ဘက်စုံအသုံးဝင်
 
- သင်္ဘောပင်က အသီးကို စားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ်၊ လက်ဖက်နဲ့ စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ ဆေးဖက်ဝင်သလို ဟင်းလျာ တစ်ခု အဖြစ်နဲ့ စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ ဒီတစ်ပါတ် မှာတော့ သင်္ဘောရွက်ရဲ့ ဆေးဖက်ဝင်တဲ့ အကြောင်းလေး ပြောပြပေးချင်တယ်။ - သင်္ဘောရွက်က ကျန်းမာရေး အကျိုးကျေးဇူးအနေနဲ့ - အစာကြေစေနိုင်တယ်
 - သင်္ဘောရွက်မှာ chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ - ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
 - သင်္ဘောရွက်မှာပါတဲ့ acetogenin လို့ခေါ်တဲ့ ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ - အသည်းကျန်းမာစေနိုင်ပါတယ်
 - အသည်းကို သန့်စင်ပေးခြင်းက အသည်းထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းအများအပြားထဲမှာ သင်္ဘောရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက် သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။ - ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်
 - ရာသီလာစဉ် နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့က ဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။ - နှင်းခူသက်သာစေနိုင်တယ်
 - အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကို ဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကို ကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ။ - ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
 - အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓာကိုယ်ကျန်းမာမှုကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာ ပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းက အကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ - ဆံသားကျန်းမာစေနိုင်တယ်
 - သင်္ဘောရွက်မှာ ပါတဲ့ ဓာတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးပါတယ်။ - အသားအရေကျန်းမာစိုပြေစေတယ်
 - ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ - အားအင်ပြည့်ဖြိုးစေတယ်
 - ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေအာင် လုပ်ဆောင်ပေးနိုင်ပါတယ်။ - ဘာတွေ သတိထားရမလဲ - ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အများကြီးစားရင် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့်ပါ။ - ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ - သင်္ဘောရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံတစ်ခုခုရှိသူတွေ အနေနဲ့ ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ် အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့် ပါတယ်။ - Hello ဆရာဝန် မှ ကိုးကားဖော်ပြပါသည်။ - ------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
